ခြေဖဝါးတော်နုနု၊သွေးခြေဥသည့်တိုင်
ခြေတိုင်နွမ်းလျ၊လမ်းတကာလှမ်း
ချွေးစိုကာလွှမ်းပေမည့်၊ရသည့်ကုသိုလ်
သိန်းဌေးဝင်း( ကြံခင်း)
ရဟန်းခံစဉ် မနက်တိုင်း အောင်ချမ်းသာ ရွာထဲသို့ မနက်၆နာရီတွင် ဆွမ်းခံကြွခဲ့ပါသည်။ ခြေလျင် တောင်တက် training အတွက် မနက်တိုင်းလမ်းလျောက်နေ ကျဖြစ်၍မခက်ခဲသော်လည်း လမ်းပေါ်မှ ကျောက်ခဲလေးများကို နင်းရတာတော့ မသက်သာလှပါ… သို့သော် ဘုရားသား တော်အဖြစ် ခံယူထား၍ ဘာမှ မမှုတော့ပါ….

Comments
Post a Comment