မန္တလေးတိုင်း တံတားဦးမြို့နယ် ရေကမိုးရွာ ဘကကျောင်း က ထန်းလက်တဲလေးထဲက သူငယ်တန်းကလေးများ ကိုလည်းသွားရောက်အားပေးခဲ့ပါတယ်….
ကျောင်းဆင်းခါနီး ဘုရားရှိခိုးတာ ကဗျာရွတ်တာလေးတွေ ကြားရတော့ စိတ်ထဲကြည်နူးမိပါတယ်….
တစ်ချိန်မှာ ဒီကလေးတွေဟာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံမှာ ဦးဆောင်မဲ့သူတွေဖြစ်မလာဘူး လို့ ဘယ်သူမှ မပြောနိုင်ပါဘူး…. သူတို့ဟာ အနာဂတ်ရဲ့ သားကောင်း ရတနာတွေဘဲဖြစ်ကြပါတယ်…
ဒါ့ကြောင့် ဒီကလေးငယ်တွေလွတ်လပ်ပျော်ရွှင် အန္တရာယ် ကင်းစွာကြီးပြင်းလာရမှာ ကျွန်တော်တို့ လူကြီးတွေ ရဲ့တာဝန်ဘဲ ဖြစ်ပါတယ်….
ဒီရွာကျောင်းလေးမှာ ထူးခြားတာက မြို့ပေါ်က အလွတ် ပညာသင်ကျောင်း မှာ မတွေ့ရတဲ့ အမျိုးစုံတဲ့ ကစားကွင်း လေးပါဘဲ….






Comments
Post a Comment