ဆရာပင်စင်ယူတော့ နိုင်ငံခြား တက္ကသိုလ်က မိတ်ဆွေ တွေက သူ့တို့ဆီမှာ လာလုပ်ဘို့ ဖိတ်ခေါ်ပေမဲ့ မသွားဖြစ် ပါဘူး.. လူဆိုတာ နားချိန်မှာနားရတယ်... ကိုယ့်နိုင်ငံမှာ မပြည့်စုံ သေးသူတွေ ဒုက္ခရောက်နေသူတွေကို ကိုယ်တတ် နိုင်တဲ့ဘက်က ကူညီချင်သေးတယ်လေ...
ပင်စင်ယူရမဲ့အရွယ်မှာ ဥစ္စာတွေ အာဏာတွေ ပါဝါတွေ ကိုလည်း မဖက်တွယ်ချင်ပါဘူး.. ဒါတွေက ပူလောင်လွန်း ပြီး သေတော့လည်း ပါသွားမှာ မဟုတ်ဘူး...
အိမ်အလုပ်တွေကိုလည်း မခွဲခြားဘဲ ဝိုင်းလုပ်တယ်... ကိုယ်ရဲ့ကျန်တဲ့ဘဝကိုပရဟိတအလုပ်တွေဦးစားပေးမယ်
ဘဝဆိုတာ အတ္တတွေ လောဘတွေ မာန်မာနတွေနဲ့ ပူလောင် နေရင်မတန်ဘူး... လူဖြစ်ရကျိုးမနပ်ဘူး...
ဘဝမှာ နေတတ်မှ တန်တယ်...
ကိုယ်တော့ ဘဝကို တန်အောင်နေမယ်...
ကဲ... သင်တို့ရော ဘယ်လိုလဲ... တန်အောင်နေမလား? ပူလောင်စွာနေရင်းနဲ့ သေမလား?
(အရင်နှစ် ဇွန်လ၂၆ရက်မှာ တင်ခဲ့တဲ့ postလေးကို Facebook ကပြန်တင်ပေးလိုက်လို့ အမှတ်တရပါ)

Comments
Post a Comment