ဆရာတို့မှာ ညီအကို မောင်နှမ ကိုးယောက်ရှိပါတယ်… ထူးခြားစွာဘဲ ယောက်ျားလေး လေးယောက်ပါပြီး လေးယောက်လုံးက စနေသားတွေ ဖြစ်ကြပါတယ်။ မိန်းကလေး ငါးဦိးကတနင်္ဂနွေ တနင်္လာ ဗုဒ္ဓဟူး ကြာသပတေး သောကြာ သမီးတွေဖြစ်ကြပါတယ်။
ဆရာတို့မောင်နှမတွေများပေမဲ့ ကြီးကြီးကျယ်ကျယ်ခိုက်ရန် ဖြစ်ပွါးမှုမရှိကြဘဲ ဘယ်ကိစ္စမဆို တိုင်တိုင်ပင်ပင် အေးအေး ချမ်းချမ်း နေထိုင်ပြီး ဆောင်ရွက်ကြပါတယ်။
မိဘကပေးတဲ့ မြေကွက်ကိုလည်းရောင်းမစားဘဲ မိသားစု condo ဆောက်ပြီး မောင်နှမကိုးယောက် စုစုစည်းစည်း နေထိုင် ကြတာ ပြောခဲ့ဘူးတာ မှတ်မိမယ်ထင်ပါတယ်။
အခုလည်း မြို့ပြင်ကမြေတကွက်ကိုခွဲဝေဘို့ မနေ့က တိုင် ပင်ဖြစ်ပါတယ်။ အားလုံးကမြေကွက်ကိုမရောင်းဘဲကိုး စိတ် စိတ်ပြီး ခွဲဝေကာ ကိုယ့်အပိုင်း ကိုယ်တာဝန်ယူကြဘို့ ဆုံးဖြတ်ကြပါတယ်။ ဒါပေမဲ့အကွက်တွေက လမ်းမတန်း အတွင်း အပြင်တွေဖြစ်နေတာကြောင့် အတွင်းပိတ်အကွက် ရလျင် မြေဧရိယာ၁၀၀%၊ အတွင်းလမ်း က ၉၀%၊ လမ်းမကြီးအပွင့်က၈၀%၊ လမ်းနှစ်ဘက်ပွင့်က ၇၅% မဲနှိုက်ပြီး ကြ ယူဘို့သဘောတူကြပါတယ်။
အဲဒီနောက် မဲနှိုက်စနစ်နဲ့ ဆောင်ရွက်ရာမှာ ပထမဘယ် သူ နှိုက်မယ် နောက်ဆုံးဘယ်သူ ရှေ့နောက် မဲနှိုက်ရမလဲ မဲနိုက်ကြပါတယ်။ ပြီးနောက် တဆင့်ကတော့ အတွင်းအပြင် အကွက်တွေ မဲနှိုက်ကြပါတယ်။
နောက်မောင်နှမတွေ ပျော်ပျော်ရွင်ရွင်စုပေါင်းစားသောက် ကြပါတယ်။ ဆရာကတော့ ကိုယ်တိုင်ပြုစုထားတဲ့ ပန်းပင် လေးတွေကို ကြွေအိုးလေးတွေထဲထဲ့ပြီး လက်ဆောင်ပေး လိုက် လို့မောင်နှမတွေ ပြုံးပန်းဝေသွားကြပါတော့တယ်…
(ဆရာတို့ မောင်နမတွေ အမွေခွဲယူပုံလေး facebook မှာပြန် တက်လာလို့ မျှဝေလိုက်ပါတယ်)

Comments
Post a Comment