ကျွန်တော်နှင့် လမ်းဘေးစာသင်ဝိုင်း

 



Nay Soe Maung and Open Classroom
ဆရာက ဆေးတက္ကသိုလ် မှာစာသင်တဲ့ ပါမောက္ခ တစ်ဦးဆိုတာတော့ သိကြပြီး ဖြစ်မှာပါ
ဆရာ ဆေးတက္ကသိုလ်ပါမောက္ခချုပ် တာဝန်ယူနေချိန်မှာ Socioeconomic status of migrant population ဆိုတဲ့ survey တစ်ခုလုပ်ဖြစ်ပါတယ် Study အရ Migrantတွေက သူတို့ရဲ့ကလေးအတော် များများဟာ လမ်းဘေးမှာပြေး လွှားရင်း စျေးရောင်းရင်း ကျောင်း မနေနိုင်တဲ့ သူတွေအတော်များကြပါတယ်.....
ဒါနဲ့ သူတို့အနေတဲ့ ပျံကျရပ်ကွက်လေးတွေမှာ ဆရာမလေးတွေ ငှားပြီး Open Classroom လမ်းဘေးစာ သင်ဝိုင်းလေးတွေ ဖွင့်ဖြစ် ခဲ့ပါတယ်... သူတို့ကတော့ ဆရာ့ကို တက္ကသိုလ်က ပါမောက္ခချုပ်ဆိုတာမသိကြပါဘူး... မူလတန်းကျောင်း ကဆရာကြီး တစ်ဦးလို့ဘဲထင်ကြပါတယ်...
ဆရာကဆေးတက္ကသိုလ် မှာစာသင်ရတာ အရေးကြီးသလို ဒီလို အခြေခံလူတန်းစားတွေရဲ့ ကလေးတွေလည်း စာတတ်မှ ကိုယ့်နိုင်ငံကိုယ့်လူမျိုးတိုးတက်မှာမို့ နင်းပြားဘဝ သူတို့လေးတွေရဲ့ ပညာရေး ဆောင်ရွက်ပေးရတာကို ကြည်နူးဝမ်းသာ ဖြစ်မိပါတယ်....
(PS. Open classroom No 3 ပုံဖြစ်ပါတယ်)

Comments