စီစဉ်မထားတဲ့ အလှူ

 

ဘုရားဖူးမှ လျပ်တပျက် မျက်မှန်အလှူဖြစ်သွားရခြင်း
Contributions to Community C2C (40)
Mission for Vision in Bagan
ဆရာတို့ C2C အဖွဲ့ရဲ့ ယခုလအညာဒေသခရီးစဉ်အတွင်း
၄.၁၀.၂၂ ရက်နေ့ မနက်ပိုင်းမှာ ဗျတ္တပန်းဆက်လမ်းအနီးက ရွှေလှိုင်း ကျေးရွာသားတွေကို မျက်မှန်စမ်းသပ် ပေးလှူခဲ့ပါတယ်။ ညနေပိုင်းကိုတော့C2C အဖွဲ့သားတွေ ပုဂံ ဘုရားတွေ ဖူးဘို့စီ စဉ်ထားတာပါ။
ညနေပိုင်းဘုရားဖူးထွက်တော့ ရွှေစည်းခုံ စေတီတော်ကြီး ကိုဦးစွာဖူးမျှော်ကြပြီး နောက် အာနန္ဒာဘုရားကို ဝင်ရောက် ဖူးမျှော်ခဲ့ပါတယ်။ ဘုရားဖူးအပြီး ဆောင်းတန်းအတွင်းစျေးဝယ်စဉ် စျေးသည်တွေက မျက်မှန်အလှူ ခရီးစဉ်ဖြစ် ကြောင်း သိသွားပြီး သူတို့လည်းမျက်မှန်လိုချင်တယ်ဆိုတာကြောင့် ကားနောက်ခန်းကိုဖွင့်ပြီး မျက်မှန်စမ်းသပ်လှူဖြစ်သွားပါတယ်။
ဘယ်လိုကနေ သတင်းပေါက်ကြားသွားလည်းမသိပါ မြင်းလည်းတွေ ဆိုင်ကယ်တွေနဲ့ လူတွေရောက်လာပြီးတန်းစီ အလှူခံတာကြောင့် မျက်မှန်လှူလိုက်တာ လူတစ်ရာကျော် ပေးလှူခဲ့ပြီး မိုးလည်းချုပ်သွားပါတော့တယ်။
မိုးချုပ်သွားတာကြောငိ့ ကျန်ဘုရားတွေ မဖူးနိုင်တော့ပေမဲ့ အနန္ဒာဘုရားက အစီအစဉ်ထဲမပါတဲ့ လျပ်တပျက် မျက်မှန် အလှူလေးကြောင့် C2C အဖွဲ့သားတွေ ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်…
၂ ၂ ၂

Comments