ရှမ်း၊ အခါ၊ လားဟူတိုင်းရင်းသားများသို့မျက်မှန်အလှူ

 

Contributions to Community C2C (34)
Mission for Vision to Shan Akha & Lahu people

    2022, August 19, 20ရက်များတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းရှိ

ရှမ်း အခါ နှင့် လားဟူတိုင်းရင်းသားများ နေထိုင်ရာ ရွာများသို့ ဆရာတို့ C2Cအဖွဲ့သွားရောက်ခဲ့ပြီး ရွာသူ ရွာသားများကို မျက်စေ့စမ်းသပ်ကာ မျက်မှန်များ ပေးလှူခဲ့ ပါသည်…
   ရွာသူရွာသားများမှာ ရှမ်း အခါ နှင့် လားဟူလူမျိုးများဖြစ်ကြပြီး ရိုးသားကြကာ အများမှာ မြန်မာစကားမတတ်ကြပါ။ ထို့ကြောင့် ဘာသာစကား အခက်အခဲရှိသော်လည်း ဘာသာပြန်ပေးသူ များ၏ ကူညီမှုကြောင့် အဆင်ပြေခဲ့ပါသည်။ မျက်မှန်အလက် ၂၅၀ကျော်ပေးလှူခဲ့ပါသည်….
   အခြားမြို့ရွာများတွင်တွေ့ရတတ်သော နေရာလုမှု၊ ခွင့်မတောင်း ဘဲ ကိုယ့်ဟာကိုယ် မျက်မှန်များယူကြည့်မှုများ မရှိဘဲ စည်းကမ်းတကျ စိတ်ရှည်သည်းခံကြသည့် ရွာသူရွာသား များကိုလည်းလေးစားအပ်ပါသည်…
    အဆင်ပြေချောမွေ့စေရန်ကူညီပေးသောဆေးရုံအုပ်ကြီးနှင့် ကိုနိုင်လင်းအောင် ကိုထက်လွင်ဦး နှင့် ဒေသခံ တာချီလိတ်မှ မိတ်ဆွေများကို အထူးကျေးဇူးတင်အပ်ပါသည်…

 

Comments