·
စိမ်းမြမြလယ်ကွင်းပြင်တွေအကြားမှာလျောက်သွားရင်း အတွေးနယ်ချဲ့မိတယ်…
ဒီမြစိမ်းရောင်စပါးခင်းတွေအောက်မှာ မြေကြီးကရွှေသီး တယ်လို့ ဂုဏ်ယူလေ့ရှိတဲ့ မြေဆီပြည့်ဝတဲ့ မြေတွေရှိတယ်..
ဒီမြေတွေအောက်မှာလည်း အဘိုးတန် သတ္တု သံယံဇာတတွေရှိနေပြန်တယ်…
ကြီးမားတဲ့ သဘာဝ တောတောင် ရေမြေသံယံဇာတ တွေလည်းရှိနေပြန်တယ်…
ဒီမြေပေါ်မှာ ပြည်သူ ၅၅သန်းက မှီတင်းနေထိုင်ကြတယ်
တစ်ချိန်က ကမ္ဘာ့ရိက္ခာ ဆန်တငိပို့မှုမှာ မြန်မာနိုင်ငံက အများ ဆုံးတင်ပို့ပြီး ထိပ်ဆုံးရောက်ခဲ့ဘူးတယ်…
ဒါပေမဲ့အခုအခါမှာ မြန်မာနိုငိငံကတစ်ချို့စစ်ရှောင်စခန်း တွေမှာ အစာရိက္ခာ ပြတ်လတ်ပြီး တစ်နေ့ ထမင်းတစ်နပ် အနိုင်နိုင် စားနေရတဲ့ ဘဝမျိုး ရောက်နေရပါတယ်…
ပြည်သူအများကလည်းအလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးပြီး ဝင်ငွမဲ့လို့စားဝတ်နေရေး ခက်ခဲနေပြန်တယ်…
ဒီလို အခြေအနေကောင်းတွေရှိလျက်နဲ့ ပြည်သူတွေ အခုလို ကြပ်တည်းနေတဲ့ ဆင်းရဲဒုက္ခတွေကလွတ်မြောက် အောင် ဘယ်လိုနည်း တွေရှိနိုင်မလဲ တွေးနေမိပြန်တယ်…

Comments
Post a Comment