
Contributions to Community (23)
Mission for Vision
၂၀၂၂ခု ဇွန်လအတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် အတွင်းမှ သိမ်ငူ ယက္ကန်းသည်မ မရမ်းကုန်းကျေးရွာနှင့် အနီးတဝိုက်မှ ရွာသူရွာသား များအတွက် ဆရာတို့ Contributions to Community က ကိုယ်တိုင် သွားရောက် စမ်းသပ်ကာ အဝေးကြည့် အနီးကြည့် မျက်မှန်များ ပေးလှူခဲ့ပါသည်…
ဒေသခံ ရွာသူ ရွာသား များကိုစမ်းသပ်ပြီးမျက်မှန် များ လှူဒါန်းခဲ့ရာ အများစုမှာ မျက်မှန် မလုပ်ဘူးသဖြင့် ယခုမှ ကြည်လင်ပြတ်သားစွာမြင်တွေ့ရပြီးဝမ်းသာပျော်ရွှင် သွားကြရာ မြင်ရသူအပေါင်း ပီတိဖြစ်ကြရပါသည်…
အလှူရှင်များ လိုက်ပါကူညီသူများ စီစဉ်ပေးသူများကူညီ သူဒေသခံများကို အထူးကျေးဇူးတင်ပါသည်…
နယ်မြေ မအေးချမ်းဘူးဆိုသော်လည်း မိမိတို့သွားစဉ် ဘေးမသီ ရန်မခဘဲ လှူဒါန်းနိိုင်ခဲ့ပြီး ရာသီဥတုလည်းကောင်း မွန်ကာ ရှုခင်းများမှာလည်း သာယာလှပလှသဖြင့် လိုက်ပါ သူအားလုံး ဝမ်းသာပျော်ရွှင်ခဲ့ကြပါသည်...###






Comments
Post a Comment