မွန်ပြည်နယ် ကျိုက်ထိုမြို့ ပြည်သူများ သို့ မျက်မှန်အလှူ…

 
 

Contributions to Community (25)
Mission for Vision

    ၂၀၂၂ခု ဇူလိုင်လအတွသ် မွန်ပြည်နယ် ကျိုက်ထိုမြို့မှ ပြည်သူ များအတွက် ဆရာတို့ Contributions to Community အဖွဲ့က ကိုယ်တိုင် သွားရောက် စမ်းသပ်ကာ အဝေးကြည့် အနီးကြည့် မျက်မှန်များ

ပေးလှူခဲ့ပါသည်…
   ကျိုက်ထိုမြို့မှ ပြည်သူများကို စမ်းသပ်ပြီးမျက်မှန်များ လှူဒါန်းခဲ့ရာ အများစုမှာ မျက်မှန် မလုပ်ဘူးသဖြင့် ယခုမှ ကြည်လင်ပြတ်သားစွာမြင်တွေ့ရပြီးဝမ်းသာပျော်ရွှင် သွားကြရာ မြင်ရသူအပေါင်း ပီတိဖြစ်ကြရပါသည်…
    အလှူရှင်များ လိုက်ပါကူညီသူများ စီစဉ်ပေးသူ ဦးအောင် အောင် မဥမ္မာ မိသားစု နှင့် ကူညီသူဒေသခံများကို အထူးကျေးဇူးတင်ပါသည်… ကျိုက်ထိုရောက်မှ မျက်မှန်လိုအပ် သူများရှိကြောင်း သိရသဖြင့် ကရင်ပြည်နယ်မှ အပြန်တွင် စီစဉ်ရခြင်း ဖြစ်ပါသည်။ မိုးထဲလေထဲ လာရောက်သူ တစ် ရာ ကျော်ကို စမ်းသပ်ပေးလှူခဲ့ပါသည်။
    မိမိတို့သွားစဉ် ဘေးမသီ ရန်မခဘဲ လှူဒါန်းနိိုင်ခဲ့ပြီး ရာသီဥတုလည်းကောင်းမွန်ကာ ရှုခင်းများမှာလည်း သာယာလှပ သဖြင့် လိုက်ပါ သူအားလုံး ဝမ်းသာပျော်ရွှင်ခဲ့ကြပါသည်...

 

Comments