ဖြစ်ဘူးသူတိုင်း သိပါလိမ့်မယ်...
Lumber fracture ရထားတဲ့သူတယောက် အတွက် အခက်အခဲဆုံး အချိန်ဟာ မနက်အိပ်ယာထပါဘဲ...
ဒါပေမဲ့ အားမငယ်ပါနဲ့...
ဆရာကတော့ မမှုပါဘူး...ကိုယ့်ကို သစ္စာ ရှိရှိနဲ့ အထောက် ကူ ပြုမဲ့ပစ္စည်းတွေက ဘေးမှာ အရံသင့်ရှိနေလို့လေ....
ဆရာလွန်ခဲ့တဲ့၂နှစ်မိုးဦးကျ ၂၀၂၀မေလ ဒီလိုအချိန်မှာအိမ် အမိုးပေါ် အမှိုက်တက်ရှင်းရင်း မိုးရွာလာလို့ ပြန်အဆင်းမှာ ချောပြီး ပြုတ်ကျသွားလို့ Lumbar fracture ရသွားခဲ့ပါတယ်…
Spinal specialist က bed rest နေရမယ်ပြောတော့ အငြိမ် မနေတတ်တဲ့ဆရာ အတော်စိတ်ညစ်သွားခဲ့ပါတယ်…
အသိ ဆရာဝန်မက သူဖြစ်တုံးက ၅ လကြာမှ လမ်းပြန် လျောက်နိုင်တယ်တဲ့….
ဒါပေမဲ့ အရိုးဆရာဝန်က အခုခေတ် ကုထုံးမှာတော့ early mobilization ကိုအားပေးတယ်ဆိုတာ ကြောင့် ကျိုးစားကြည့်တာ တစ်လခွဲမှာ လမ်းလျောက်နိုင် ပြီး နှစ်လမှာ ကားမောင်းနိုင်တာမို့ စိတ်ဓာတ်မကျကြဘို့ အားပေးပါရစေ…

Comments
Post a Comment