တစ်ဦးက စေတနာ တစ်ဦးကမေတ္တာ…

 

Contributions to Community (16)
မင်္ဂလာရှိသော နေ့လေးတစ်နေ့….
    မနေ့က ရန်ကုန် မြို့ထဲမှာရှိတဲ့ ဆေးရုံကြီးသုံးရုံကို ဆရာ ဆရာ့သားနဲ့ သားသူငယ်ချင်းတွေ စုပေါင်း

လှူဖြစ်ပါတယ်…
   ပထမဆုံးသွားလှူတာကတော့ တောင်ဥက္ကလာပ အမျိုး သမီး နှင့် ကလေးဆေးရုံဖြစ်ပါတယ်…
   ၁၉၆၁ ခုနှစ်မှာ ဖွင့်ခဲ့တာဖြစ်ပြီး ယခင်ကကာတော်လိပ် ဆေးရုံလို့ လူသိများပါတယ်
   ဆေးရုံအုပ်ကြီးက ဒေါက်တာယဉ်ယဉ်ထွန်း ဖြစ်ပြီး ဆရာ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ ပါချုပ်အဖြစ် တာဝန်ယူ ခဲ့စဉ်က ဆေးရုံအုပ်ချုပ်မှုပညာ ဘွဲ့လွန်တက်ခဲ့သူမို့ အလွန် ရင်းနီးကြပါတယ်… သူဘွဲ့လွန်တက်စဉ်က ကိုယ်ဝန်ကြီးနဲ့မို့ စိတ်ဓာတ်ကျနေတုံး ဆရာ့ရဲ့အားပေးမှုကြောင့် စာမေးပွဲဝင် ဖြေနိုင်ခဲ့ကာ ဘွဲ့ရလို့ကျေးဇူးတင်ကြောင်းပြောပါတယ်
   သူက ဆရာ ဆရာ့သားနဲ့ သားမိတ်ဆွေတွေရဲ့ အလှူငွေ တစ်ဆယ့်တစ်သိန်းကို ဝမ်းမြောက်စွာလက်ခံခဲ့ပါတယ်…
   ဆရာ့ကိုလည်း အန္တတဂိုဏ်းဝင် ကျေးဇူးရှင်ဖြစ်လို့ ကန်တော့ ပါရစေဆိုပြီး ထိုင်ကန်တော့ခဲ့ပါတယ်…
   ဆရာလုပ်နေတဲ့ Mission for Vision မျက်မှန်အလှူအတွက် လည်း ဒေါက်တာယဉ်ယဉ်ထွန်း မိသားစုက ကျပ်တစ် သိန်း လှူလိုက်လို့ ဝမ်းသာစွာ သာဓုခေါ်လိုက်ပါတယ်…
   အလွန်မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့ပါ …

Comments