အဖေသာရှိခဲ့ရင်ဒီနေ့ဆို ၉၆နှစ်ထဲရောက်ပါပြီ... အဖေ ဆုံးသွားတာ တနှစ်ရှိသွားပါပြီ... အမေဆုံးသွားတာတော့ ၇နှစ်ရှိသွားပါပြီ.....
အဖေ့မှာ သားသမီး ၉ယောက် မြေး၁၆ယောက်နဲ့ မြစ်၅ ယောက်ရှိပါတယ်... နိုင်ငံခြားရောက်နေသူကလွဲလို့ ကျန် တဲ့သားမြေးမြစ် အများစုဟာ အဖေအမေတို့ရှိစဉ်က ဆောက်ထား ခဲ့တဲ့ Sein & Mya Family House မှာ စုပေါင်း နေထိုင် ကြပါတယ်...
အဖေအမေတို့ရဲ့ နွေးထွေးတဲ့ မေတ္တာရိပ်အောက်မှာနေ ထိုင်ရင်း မောင်နှမတွေချစ်ခင်တတ်အောင် ဆုံးမ သွန်သင် ခြင်းကို ခံခဲ့ရလို့ ယခုထက်တိုင် မောင်နှမတစ်တွေ ဥမကွဲ သိုက်မပျက် ရင်းနှီး နွေးထွေးစွာ စုစည်းနေထိုင်နိုင်ကြ တာပါ ကျေးဇူးရှင် အဖေနဲ့အမေ....


Comments
Post a Comment