ဆုတောင်း

 
.  ဘူတန်နိုင်ငံသား ယောကျ်ားလေးတိုင်းဟာ မျှားပစ် ကျွမ်းကျင် ကြတယ်...
.  ဘူတန်နိုင်ငံဟာ ဟိမဝန္တာတောင်တန်းပေါ် က အေးချမ်း သာယာလှတဲ့ နိုင်ငံလေး တစ်ခုဖြစ်ပြီး နိုင်ငံသား တွေက လည်း Gross National Happiness တိုင်းတာရာမှာ အမှတ်အမြင့်ဆုံးရလို့ ကမ္ဘာ့အပျော်ရွှင်ဆုံးပြည်သူများ အဖြစ် မှတ်တမ်းတင်ထားကြပါတယ်...

   ဘူတန်ပြည်သူတွေဟာ မဟာရာနဗုဒ္ဓဘာသာကို ယုံ ကြည် ကိုးကွယ်ကြပြီး မူလနိုင်ငံဥသျှောင်တွေဟာ လားမား ဘုန်းတော်ကြီးတွေ ဖြစ်ကြလို့ စစ်မက်ကို ရှောင်ရှားလေ့ရှိကြပါတယ်...
    ဒါပေမဲ့သူတို့နိုင်ငံကို နယ်ချဲ့ကျူးကျော်ပြီးအကြမ်း ဘက် နှိပ်စက်ခံရတဲ့အခါ ဘူတန်ပြည်သူတွေဟာ ရရာ လက်နက် စွဲကိုင်ပြီး ပြန်လည်ခုခံ မောင်ထုတ်ခဲ့ကြတာ သမိုင်းတွင်ခဲ့ပါတယ်...
    ဆရာတို့မြန်မာပြည်သူတွေလည်း အေးချမ်းပျော်ရွှင် သော.နိုင်ငံသားများဖြစ်နိုင်ကြပါစေ.....

Comments