ခြောက်ဆယ့်ငါးနှစ်ပြည့် မျက်စေ့အလင်းဖွင့် မျက်မှန်အလှူ

 

    ဆရာ၂၀၂၁ မှာ အသက်၆၅ နှစ်ပြည့်ပါပြီ...
ဒီအရွယ်မှာ လောဘ ဒေါသ မောဟ မာန်မာန တွေမထား တော့ပါ... အာဏာပါဝါတွေလည်း

ပူလောင်လှတါမို့ ယစ်မူးဘို့ လုံးဝ ခေါင်းထဲမထည့်ပါ...
   ဒီအသက်အရွယ်မှာတော့ ကိုယ်ရယူဘို့ထက် ကိုယ်က အများ ကို ပေးဆပ်ဘို့ဘဲ အမြဲကြိုးစားနေပါတယ်...
   ဆရာ့ရဲ့အသက် ၆၅နှစ်ပြည့်နောက်အလှူတစ်ခုကတော့  အမြင်အာရုံအားနည်းတဲ့သူတွေကို မျက်မှန်လှူတာပါဘဲ...
ဆရာ အရင်နှစ်က လှူထားတဲ့ Educational Hub က အလင်းရောင် စာကြည့်တိုက်နေရာမှာဘဲ မျက်မှန်အလှူကို ဒီနေ့ လုပ်ဖြစ်ပါ တယ်... ပတ်ဝန်းကျင် ရပ်ကွက်တွေက ပြည်သူ ၁၀၇ ဦးကို စမ်းသပ်ပြီး အဝေးကြည့် အနီးကြည့် စာကြည့်မျက်မှန် များ လှူဒါန်းခဲ့ပါတယ်...
   ဆရာ့ရဲ့ အလင်းဖွင့်မျက်မှန်အလှူမှာ ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ အလင်းရောင်စာကြည့်တိုက်နဲ့ ရပ်ကွက်တာ ဝန် ရှိသူများ ကူညီပေးကြတဲ့ ပရဟိတ လူငယ်များကို လည်း အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျား...

Comments