နွေဦးတော်လှန်ရေးတိုက်ပွဲတွင် အသက်ပေးခဲ့သူများ အတွက် ဆွမ်းကိုယ်တိုင်ချက်လှူခဲ့ပါတယ်...
ကျောင်းထိုင်ဆရာတော်က ဆွမ်းချက်လှူမှုနဲ့ ကျဆုံးလေ သူများအပေါ် ဆုတောင်းပေးခဲ့ပါတယ်...
ဆရာတော်မှာ ရွှေဘိုဇာတိဖြစ်ပြီး ရွှေဘိုဈေးကြီး မီး လောင်မှု ဖြစ်စဉ်ကိုလည်း မချိတင်ကဲ
ရွှေဘိုဈေးကြီးအတွင်း စစ်သားများက ညအချိန် ရိက္ခာ များ ဝင်ရောက်ယူငင်ပြီးနောက် ဈေးကြီးမှာ မီးလောင်ခံခဲ့ ရပြီး မီးသတ်များလည်း မဝင်နိုင်အောင်တားဆီးခဲ့သဖြင့် ဈေး၏ အစိတ်အပိုင်း အတော်များများပြာကျခဲ့ရတယ် လို့ပြောပြပါတယ်...
ဆရာတော်သီတင်းသုံးခဲ့ဘူးသည့် ရွာများသို့လည်း စစ် ကားများ ရောက်ရှိလာကာ ခြောက်လှန့်ပစ်ခတ်ပြီး ပြည်သူ များထွက်ပြေးချိန်တွင် အိမ်တွင်ကျန်ခဲ့သည့် ရွှေတိုရွှေစများ ပစ္စည်းများ ရိက္ခာနဲ့ မွေးထားတဲ့ ကြက် ဝက် မကျန် သိမ်းယူသွားကြောင်း ပြောပါတယ်...
ယခုအတိုင်းသာဆက်သွားနေပါက ပြည်သူတို့၏ ယုံကြည် မှုမရှိတော့ဘဲ ရွံ့ရှာ မုန်းတီးမှု ကြီးထွားလာနိုင် သဖြင့် ထိပ်ပိုင်း ခေါင်းဆောင်များက သတင်းအမှန်ကို သိသင့် သလို နယ်မြေခံ တိုင်းမှူး တပ်ရင်းမှူး တပ်ခွဲမှူးတို့မှ လည်း အခြေအနေမှန်ကိုလေ့လာကာ စစ်သည်များကို မိမိ တို့တပ်ပိုင်ရိက္ခာများ ကိုသာ စားသုံးစေပြီး လုယက် အနိုင်ကျင့်မှုများကို တားဆီးရန် အသေအချာ ညွှန်ကြား ဘို့ လိုအပ်နေပါပြီ...


Comments
Post a Comment