Contributions to Community (27)
ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက ကရင်ပြည်နယ်စစ်ရှောင် စခန်းကို
ဆရာတို့ C to C အဖွဲ့ နှစ်ကြိမ်တိုင် ရောက်ရှိခဲ့ပြီး ကလေး သူငယ် တွေအတွက် နို့မှုန့် ငွေကြေးနဲ့ အဝတ်ထည်တွေ ပေးလှူခဲ့ပါတယ်…
ဆရာတို့ C to C အဖွဲ့ နှစ်ကြိမ်တိုင် ရောက်ရှိခဲ့ပြီး ကလေး သူငယ် တွေအတွက် နို့မှုန့် ငွေကြေးနဲ့ အဝတ်ထည်တွေ ပေးလှူခဲ့ပါတယ်…
တချို့ကလေးတွေကတော့အဝတ်ရတာနဲ့ တခါတည်းချွတ် လဲတော့တာဘဲ… တချို့ကလေး တွေက သူတို့ကို ပေးလှူတဲ့ နို့မှုန့်တွေကို ဝယ်ရတယ်ထင်ပြီး ရှိစု မဲ့စု ပိုက်ဆံလေးတွေ လာပေးနေတာ သနားစရာ…
လွတ်နေတဲ့ အဆောက်အဦး တစ်ခုအတွင်းမှာလည်း သူ့နည်း သူ့ဟန်နဲ့ ကလေးတွေကို စာသင်ပေးနေတာတွေ့လို့ ဝမ်းသာပြီး စာသင် ပေးနေတဲ့ ဆရာမလေးတွေကိုလည်း ချီးကျူး ဂုဏ်ယူမိပါတယ်… ဆရာမလေးတွေ နဲ့ ကလေးတွေအတွက် အဝတ် အထည်တွေလည်း ပေးလှူခဲ့ပါတယ်…
တကယ်တော့ ဒီကလေးတွေဟာ အနာဂတ်မှာ ဆရာတို့ နိုင်ငံကို ပုခုံးပြောင်း တာဝန်ယူမဲ့ သူတွေဘဲဖြစ်ပါတယ်…
ဒါ့ကြောင့် ဒီကလေးတွေ ပညာတတ်ဘို့၊ အဟာရပြည့်စုံ စွာ စားသောက်နိုင်ဘို့၊ လွတ်လွတ်လပ်လပ်ကြီးပြင်းဘို့ဟာ အလွန် အရေးကြီးလှပါတယ်… ပြည်သူအပေါင်းကလည်း မိမိတို့ တတ်အားသ၍ ကူညီကြမယ်လို့မျှော်လင့်ပါတယ်…

Comments
Post a Comment