မီးဘေးသင့် ပြည်သူများသို့ ပေးပို့အလှူ

 


Contributions to Community (C2C 76)
 

စစ်ကိုင်းတိုင်းမှ အိုးအိမ်ပစ်ထွက်ပြေးနေရသော မီးဘေး သင့် ပြည်သူများအတွက် မိဘပြည်သူများမှ လှူဒါန်းသော အဝတ်အစားများ စားသောက်ဖွယ်ကုန်ခြောက်များကို စစ်ကိုင်းတိုင်းသို့ ဆက်လက်ပေးပို့ပြီးဖြစ်ကြောင်း အလှူရှင် များသို့ သိစေအပ်ပါသည်…
 
ပေးပိူ့လိုက်သောပစ္စည်းများကိုလည်း မပျောက်မပျက်ဘဲ လက်ဝယ်ရရှိကြောင်းနှင့် မီးလောင်ခံ၍ ရွာစွန့်ပြေးနေရသော စခန်းများသို့ ဆက်လက်ပေးပို့ နေကြောင်း နယ်ခံ ပရဟိတ များမှလည်း အကြောင်းပြန်ကြားလာပါသည်….
 
ပေးလှူလိုသော မိဘပြည်သူများမှလည်း မီးဘေးသင့်ပြည် သူများတွင် စားစရာ ရိက္ခာခြောက်များ အထူးလိုအပ် နေပါ၍ လှူဒါန်းမည်ဆိုပါက ရောက်ရှိအောင် ပေးပို့ပါမည်။ မိမိအိမ်တွင်မလိုသောအဝတ်အထည် အသုံးအဆောင်များကို လည်းလျော်ဖွတ်သန့်စင်၍ ပေးလှူနိုင်ပါသည်…
ကျေးဇူးတင်ပါသည်….

Comments