Happy Father's Day and my father U Tin Sein
ဆရာတို့ မောင်နှမကိုးဦး ဘာကြောင့် ညီညွတ်သင့်မြတ် ကြရပါသလဲ ဆိုတာကိုမေးမြန်းသူ အတော်များပါတယ်… ဆရာ့ အနေနဲ့ ဆရာတို့မောင်နှမတွေ ငယ်စဉ်ကတည်းက လျောက်လှမ်း ကြီးပြင်းခဲ့ပုံတွေကိုပြန်စဉ်းစားမိပါတယ်…
ပထမဦးစွာ လက်ဦးဆရာမိဘတွေကို အရင်တင်ပြချင်ပါတယ်။ ယနေ့က Happy Father’s Day ဖြစ်တာနဲ့အညီ ဆရာ့ ရဲ့ ဖခင်အကြောင်း တင်ပြချင်ပါတယ်…
ဆရာ့ရဲ့ အဖေဟာ ငယ်စဥ်က ဆန်စက်ပိုင်ရှင်သား ရာဘာ ခြံပိုင်ရှင်သားတစ်ဦးဖြစ်ပြီးမြို့မှာ အချမ်းသာဆုံး ကြေးရေတတ် အသိုင်းဝိုင်းမှာကြီးပြင်းခဲ့ပါတယ်။
ဒါပေမဲ့ မိဘ၂ပါး က စစ်အတွင်းမှာ ဆုံးပါးခဲ့ရပြီး အိမ်နဲ့ကားတွေကိုလည်း ပြည်တွင်းစစ် အတွင်းမီးရှို့ခံခဲ့ရပါတယ်။ အဖေက လွတ်လပ်ရေးရအောင် လိုအပ်ရင်တိုက်ဘို့အတွက် ပြည်သူ့ ရဲဘော် ဖွဲ့တဲ့အခါ စည်းရုံးရေးမှူးဖြစ်ခဲ့ပါတယ်။ စစ်ပြီးတဲ့နောက် လက်နက်တွေ ဖျက်သိမ်းတဲ့အခါ အဖေတို့ဟာ ရဲဘော်ဘဝနဲ့တပ်ထဲ ဝင်ရောက်ခဲ့ပြီး နောက်ဗိုလ်သင်တန်း တက်ရောက်လို့ အရာရှိဖြစ်ခဲ့ပါတယ်။
(အောက်ပါပုံလေးကတော့ နယ်ချဲ့လာတဲ့ကူမင်တန်တပ်ဖွဲ့ ကို တိုင်းပြည်တွင်းကတိုက်ထုတ်တဲ့ ရန်ကြီးအောင်စစ်ဆင်ရေးမှာ ရိကာပြတ် လို့ ရှိတဲ့ နို့ဆီဘူးလေး ဖောက်သောက်နေတဲ့ပုံလေးပါ။)
အဖေဟာ တပ်မတော်မှာ ရိုးသား ကြိုးစားရင်းစစ်ထောက် ချုပ် စကခမှူး ဗိုလ်ချုပ်အဆင့်သို့ရောက်ရှိခဲ့ပါတယ်။ နောက်ပိုင်း အရပ်ဘက်သို့ကူးပြောင်းကာ ဒုဝန်ကြီး၊ ဝန်ကြီး အဆင့် တာဝန်ယူခဲ့ပြီး နောက်ပိုင်း မဆလ ခေတ် နိုင်ငံရေး ပဋိပက္ခ အတွင်း အနားယူခဲ့ရပါတယ်။
ဆရာတို့ အဖေ အနားယူတဲ့အချိန်မှာ ရိုးရိုးသားသား နေခဲ့တဲ့အလျောက် ဗိုလ်ချုပ်အဆင့် ဝန်ကြီး ဘဝ ဖြစ်ပေမဲ့ ကိုယ်ပိုင်အိမ်မပြောနဲ့ တိုက်ခန်းတောင် မရှိပါဘူး။ နေစရာ မရှိလို့ ဝန်ကြီးဘဝကနားရပေမဲ့ ဝန်ကြီးအိမ်မှာ ဘဲ ဆက်နေခွင့်ပြုခဲ့ပါတယ်။
နောက်ပိုင်းအဖေ့မှာ အပြစ်မရှိကြောင်း ပေါ်လွင်လာတဲ့အခါ ဥရောပမှာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ မိသားစုတွေလည်း ဥရောပမှာ နေရင်း နိုင်ငံတကာ အတွေ့အကြုံရရှိခဲ့ ပါတယ်။ တစ်ခါ တိုက်ခန်းနဲ့ မြေကွက်ပြန်ပေးလို့ သံအမတ် ဘဝနဲ့စုဆောင်းရင်း ရလာတဲ့ ငွေနဲ့ ကိုယ်ပိုင် အိမ်လေးဆောက်နိုင် ခဲ့ပါတယ်။
အဖေက ဆရာတို့ မောင်နှမတွေကိုလည်း ငွေရေးကြေးရေး မမက်မောဘို့၊ လောမကြီးဘို့၊ မောင်နှမတွေ သင့်တင့်မျှတစွာ နေကြဘို့၊ အချင်းချင်းယိုင်းပင်း ကူညီကြဘို့ ရိုးရိုး သားသားကြိုးစားရင် ဘဝမှာ အဆိုးဆုံး အခြေအနေ မှာတောင် ရုန်းထွက်နိုင်ကြောင်းသင်ကြားပေးခဲ့ပါတယ်။
အဖေ့ရဲ့ အမှာစကားတွေကို ရင်ထဲမှာ အမြဲသိမ်းဆည်း ပြီး လက်ကိုင်ကျင့်သုံးကြလို့ ညီညွတ်ကြသင့်မြတ်ခြင်းဖြစ် တယ်လို့ မှတ်ယူမိပါတယ်….အရင်ဆုံး



Comments
Post a Comment