စည်းလုံးညီညွတ်တဲ့ ချစ်သော မောင်နှမများ...

 


ဆရာတို့မှာ မောင်နှမ ၉ယောက်ရှိကြောင်းပြောပြီးပါပြီ မိဘတွေ က အမွေပေးတဲ့ မြေကွက်လေးကို ရောင်းပြီးခွဲမယူကြဘဲ မိဘ တွေဆန္ဒ အတိုင်း Condo Residence ဆောက်ပြီး တစ် ယောက် တစ်ခန်းစီ နေကြပါတယ်... အပြင်လူလည်းမရောင်းပါ...
ဆိတ်ငြိမ်ရပ်ကွက် ဖြစ်တာကြောင့်သုံးထပ်ခွဲဘဲဆောက် ခွင့်ပြုပါတယ်... basement အောက်ဆုံးထပ် မှာတော့ ကားဂို ထောင် တစ်ထပ်ခွင့်ပြုပါတယ်။ အပေါ်ဆုံးမှာတော့ အများပိုင် အားလုံးနဲ့ဆိုင်တဲ့ Penthouse လေး ဆောက် ထားပြီး ကျန်အပိုင်းကို တော့ ပန်းဥယာဉ် ဖန်တီးဘို့ flap top လုပ်ထားပါတယ်...
Residence အမည်ကိုလည်း ဖခင် ဦးတင်စိန် မိခင်ဒေါ်မြမြစီ ကိုဂုဏ်ပြုပြီး Sein and Mya Family Residence လို့ အမည်တပ်ခဲ့ပါတယ်….
မောင်နှမ ၉ ယောက်ဆိုပေမဲ့ အချင်းများတာမျိုး မတဲ့ တာမျိုး မရှိဘဲ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ပျော်ပျော် ရွင်ရွှင် နေထိုင်ကြပါတယ်...
မနေ့ကတော့ ရန်ကုန်မှာရှိနေတဲ့ ညီအစ်ကို မောင်နှမ တွေ မိဘတွေထားခဲ့တဲ့ အမွေတွေ ဆက်လက် ထိန်း သိမ်းကြဘို့ စုဝေးတိုင်ပင် ဖြစ်ကြပါတယ်...
အခုလို မောင်နှမတွေ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ပျော်ရွှင်စွာ ရှိနေရတာ တန်ဘိုးမဖြတ်နိုင်တဲ့ ဘုရားပေးတဲ့ ဆုလို့ဘဲ အောင်းမေ့မိပါတယ်....

Comments