May 14 မေလ ၁၄ရက် အမေများနေ

 


Happy Mother’s Day
ေမလ ၁၄ရက် အမေများနေ့မှာ အမေ့ရဲ့ ဓာတ်ပုံလေးတွေ ထုတ်ကြည့်ရင်း အမေ့ကို ဂါဝရ ပြုအပ်ပါတယ်...
ပထမပုံကတော့ အမေငယ်စဉ် ထီလာမယ်ရစဉ်က ရိုက်ထားတဲ့ အမှတ်တရပုံလေးပါ…
ဒုတိယပုံလေးကတော့ ဆရာဆရာဝန်ဖြစ်စရှေ့တန်းဆေးထည့်စခန်းကို တာဝန်ကျတော့ ရှေ့တန်းမထွက်ခင်မိဘတွေ ကိုတွေ့ဘို့ခွင့် ပေးလိုက်တာကြောင့် ရန်ကုန်ကိုသွား တွေ့အပြီး ခွင့်ပြည့်လို့ ရှေ့တန်းထွက်ဘို့ ရထားနဲ့ အပြန် ဘူတာကြီးမှာ အမေနဲဲ့ ညီမလေးနှစ်ယောက် ဘူတာကို လိုက်ပို့ခဲ့တဲ့ပုံလေးပါ။ အမေ့ဘီရိုထဲကတွေ့ရတာပါ.. အမေ့ရဲ့ဘီရိုအံဆွဲ ထဲမှာ ဆရာရှေ့တန်းကနေရေးခဲ့တဲ့စာလေးတွေကို အမေသိမ်းထားတာတွေ့ရလို့ သားအပေါ်အချစ်ကြီးခဲ့တဲ့ အမေ့ရဲ့ မေတ္တာကိုလည်း သိခဲ့ရပါတယ်…
နောက်ဆုံးပုံလေးကတော့ အမေဆုံးသွားပြီးနောက်ပိုင်း အမေ့အုတ်ဂူလေးမှာ မကြာမကြာ သန်းရှင်းရေးသွားလုပ်ရင်း အမေကြိုက်တဲ့ ပန်းပင်လေးတွေကို ထားရှိပြီး ရှင်သန်အောင်ပြုစုပေးထားတဲ့ ပုံလေးပါ…
ဆရာ့ရဲ့ အမေဟာ သားသမီးကိုးယောက်ကို ပညာတတ် အောင် လိမ္မာရေခြားရှိအောင် ပြုစုပျိုးထောင်ပေးခဲ့ပြီး လူမှုရေး ကိုလည်းနားလည်ကျွမ်းကျင်အောင် လမ်းညွန်သွန်သင် ပေးခဲ့တဲ့ ကျေးဇူးရှင်မိခငိ တစ်ဦးဖြစ်တာမို့ အမေ့ကို အမေများနေ့မှာ ကျေးဇူးတင် ဂါဝရပြုအပ်ပါတယ် အမေ…







Comments