ပြည်သူတို့အတွက် ဆုတောင်းအပ်ပါသည်....
ငါသည် ရာထူးအာဏာကြီးသည်ဟုဆိုကြသော အသိုင်း အဝိုင်းထဲတွင် ကျင်လည်ရှင်သန်ခဲ့ဖူးသည်...
သို့သော်
. စည်းစိမ်ဥစ္စာ တွေကြားမှာ မနစ်မျော...
ထိုဘဝမျိုးထက် သာမန်ပြည်သူတို့၏ လူနေမှုဘဝမျိုး ကို ပိုမက်မောခဲ့သည်...
ငါသည် ဆရာဝန်တစ်ဦးဖြစ်သည်... လူနာများစွာ၏ အသက်ကို ကယ်တင်ပေးခဲ့ဖူးသည်... ထိုအထဲတွင် ငယ် စဉ် ဆေးမှူးဘဝ ရှေ့တန်းဆေးထည့် စခန်းတွင် ကြည်ရှူ ကုသပေး ခဲ့သည့် တပ်မတော်သားတို့၏ အသက်များ လည်း ပါဝင်သည်.. တချို့မှာ ရာထူးထိပ်ပိုင်း အရာရှိကြီး များပင် ဖြစ်သွားကြသည်...
ငါသည် ဆေးတက္ကသိုလ်တွင် ကျောင်းဆရာဖြစ်ခဲ့ဘူး သည်၊ ပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်ပေးမည့် ဆရာဝန် များ ပြည်သု့ကျန်းမာရေး ပါရဂူများကို သင် ကြား မွေးထုတ် ပေးခဲ့သည်...
ပင်စင်ယူပြီးသော အခါတွင်လည်း အခြေခံလူတန်းစား နင်းပြားများ၏ လူမှုစီးပွားရေး မြှင့်တင်ရေးအတွက် ရွေ့ လျားဆေးခန်း ဖြင့်လှည့်လည် ဆေးကုပေးခြင်း၊ ဆင်းရဲ သား ကလေးများ အတွက် လမ်းဘေး စာသင်ခန်းများ စာကြည့် တိုက်များ ဖွင့်လှစ်ပေးခြင်း ပြည်သူတို့လိုအပ်ချက် များကို တတ်နိင် သည့်ဘက်မှ ဖြည့်ဆည်းပေးခြင်းတို့ကို ပြုလျက်ရှိသည်...
ရာထူး အာဏာတို့သည် ငါနှင့် တသက်လုံးမရှိနိုင်...
သို့သော် ငါသည် တသက်လုံးပင် ဆရာဝန်ဖြစ်ပြီး လူတို့၏ ကျန်းမာရေး စောင့်ရှောက်မှုများကို တသက်လုံး ပေးသွား နိုင်ပါသည်...
ငါသည် ရာထူးအာဏာ ငွေကြေးဥစ္စာ နောက် ကို မလိုက်ဘဲ အခြေခံ လူတန်းစားတို့၏ ကျန်းမာ ရေး ပညာရေး လူမှုဘဝ မြင့်တင် ရေးကို ငါတတ်အားသ ၍ ဆက်လက် ဆောင်ရွက် သွားမည်ဟု ကတိပြုပါသည်..
ငါ၏ သစ္စာ စကားမှန်ပါက ပြည်သူတို့ ခံစားနေရသော ဒုက္ခ သောကများကင်းဝေး၍ ပြည်သူတို့အတွက် သာယာ ဝပြောပြီး ထွန်းလင်းတောက်ပသည့် အနာဂတ်ရရှိပါစေသတည်း
Comments
Post a Comment