ဆရာတို့ငယ်စဉ်က မြန်မာနိုင်ငံမှာ Valentines Day ချစ်သူ များနေ့အမှတ် တရပြုလုပ်လေ့မရှိကြပါ။ ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခု လောက်တွင်တော့ လူငယ်များကြား ရေပန်းစားပြီး လက်ဆောင်များပေးခြင်းခေတ်စားလာခဲ့ ပါသည်။
ဆရာဆေးတက္ကသိုလ်တွင်တာဝန်ထမ်းဆောင်စဉ်အခါက ဝန်ထမ်း ရွေးချယ်ရေး လူတွေ့နှုတ်ဖြေစစ်ဆေးသည့်အခါ ယခုလို ဖေဖော်ဝါရီလမျိုးနှင့် ကြုံလျင် မေးတတ်သည့်မေးခွန်း တစ်ခုမှာ ဖေဖော်ဝါရီလအတွင်း အရေးကြီးသည့်နေ့များကို ပြောပြပါ ဟူ၍ဖြစ်ပါသည်။
ထိုအခါ လူငယ်အားလုံးလိုလိုက February14 Valentines Day ကိုပြောကြပါသည်။ သို့သော် လူငယ်အများစုမှာ ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ February 13 ကိုမသိကြပါ။ အချို့ကလည်း ပြည်ထောင်စုနေ့ February 12 ကိုပင် သေချာ မသိကြ၍ စိတ်မသက်မသာ ဖြစ်ရပါသည်။
ဒီနှစ် Valentines Dayတွင်တော့ ချောကလက်ပေးရန်စိတ် မကူးဘဲ အမှတ်တရဖြစ်မည့် လက်ဆောင်ပေးရန် ရှာကြည့်ရာ မိမိတို့ချစ်သူနှစ်ဦး အလှူ တစ်ခုတွင် အတူစားသောက်နေ သည့် နှစ်ပေါင်း၃၀ကျော်က ပုံလေး ထွက်လာပါသည်။ နှစ်ပေါင်းများစွာက အဖြူအမဲ ဓာတ်ပုံလေးမှာ quality မကောင်းလှသော်လည်း မိမိတို့နှစ်ဦး အတွက် အဓိပ္ပာယ်ရှိ အဘိုးတန်လှပါသည်။
ထို့အပြင် floral services ကပန်းစည်း မှာပေးမည့်အစား သစ်ပင်ပန်းပင် ချစ်ကြသူများ ဖြစ်ကြသည့် အားလျော်စွာ ကိုယ်တိုင်စိုက်ထားသည့် ရောင်စုံ ပန်းပင်လေးများကိုသာပေးလိုက်ပါတော့သည်။
ထို့အပြင် floral services ကပန်းစည်း မှာပေးမည့်အစား သစ်ပင်ပန်းပင် ချစ်ကြသူများ ဖြစ်ကြသည့် အားလျော်စွာ ကိုယ်တိုင်စိုက်ထားသည့် ရောင်စုံ ပန်းပင်လေးများကိုသာပေးလိုက်ပါတော့သည်။

Comments
Post a Comment