ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ဘို့ training ဆင်းကြစို့…

 



Exercise is medicine
Greetings from hiking training, Good morning
အခုလို အခက်အခဲ အကြပ်အတည်းကာလထဲမှာ စိတ်ပျက်အားငယ် ပြီး အိမ်ထဲမှာ ခွေခေါက်မနေကြဘဲ စိတ်ရောကိုယ်ပါကျန်းမာ ကြံ့ခိုင်ဘို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခဏ်းတွေ လုပ်ဘို့လိုပါတယ်။
ဒါမှလည်း ပြည်သူတွေဟာ ကျန်းမာသန်စွမ်းပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်…
ယနေ့ က MHMF training day မဟုတ်ပေမဲ့ ကိုယ့်ကြံ့ခိုင် ရေး အတွက် ကျောပိုးအိတ်လွယ်ပြီး လမ်းလျောက်ထွက်ဖြစ် ပါတယ်။ training ပြီးတော့ ECO canteen ကိုသွားပြီး breakfast စားတာ စားပြီးငွေရှင်းတော့ ဆိုင်ရှင်က လာနှုတ်ဆက်ပြီး ကိုယ့်fan ဖြစ်ကြောင်းပြောပြီး ငွေရှင်းတာမယူ လို့ အားနာပေမဲ့ ကိုယ့်fan တွေရဲ့ ချစ်ခင်လေးစားမှုကို တွေ့ရတာ ဝမ်းသာကြည်နူးမိပါတယ်…
မနက်ဖန် MHMF အဖွဲ့ training ကန်တော်ကြီးမှာရှိပါမယ်။ သဘက်ခါ သွားမဲ့ ပဲခူးရိုးမ training အသေးစ်တ်ကိုလည်း ဆွေးနွေးကြပါမယ်။

Comments