ချစ်စွာသော ဖေဖေ၏၉၃နှစ်မြောက်မွေးနေ့…..

 



My father’s 93rd birthday party with big family
ဖေဖော်ဝါရီ ၁၃ ဟာ ကျွန်တော်တိို့ရဲ့ လွတ်လပ်ရေးဖခင် ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါ။ ဆရာ့ရဲ့ အဖေ ဦးတင်စိန်ဟာလည်း February born ပါဘဲ။ တိုက်ဆိုင်စွာဘဲ အဖေရဲ့ ၉၃နှစ် မြောက် မွေးနေ့ပုံလေး Facebook မှာပြန်တက်နေလို့ ပြန်တင် ပေးလိုက်ပါတယ်…..
အဖေအသက်၉၂ နှစ်မှာ fracture neck of femur ပေါင် ရိုးကျိုးပြီး steel ချောင်းထဲ့လိုက်ရပြီး နောက်ပိုင်းလမ်းကောင်းကောင်း မလျောက်နိုင်တော့ပါဘူး။ သားသမီးတွေက nurse aids လေးတွေနဲဲ့အတူ တစ်နေ့တစ်ယောက်တာဝန်ယူစောင့်ရှောက်ကြရပါတယ်။ ဆရာက စနေနေ့တိုင်း တာဝန်ယူ ပြုစုခဲ့တာ အဖေ့ဆုံးတဲ့ ၂၀၂၀ ဩဂုတ်လတိုင် အောင်ပါဘဲ။
အဖေ့မှာသားသမီး ၉ယောက် မြေး၁၆ယောက်မြစ်၅ယောက် ရှိတာမို့ အဲဲဒီနေ့ကအဖေ့မွေးနေ့ပွဲဟာ မြိုင်မြိုင် ဆိုင်ဆိုင်လေး ဖြစ်သွားပါတော့တယ်.....

Comments