Contributions to Community C2C (54)
ဆရာနဲ့ Belgium မိတ်ဆွေများစုပေါင်းပြီး ကျိုက္ကလို့ဘုရား ပရဝုဏ်မှာ ရှိတဲ့ အလင်းရောင် စာကြည့်တိုက်ကို အဆောက်အဦး လှူခဲ့တာ သုံးနှစ်ရှိပါပြီ။ အဆောက်အဦးကို လည်း စာကြည့်တိုက်အပြင် အခြား ပညာရေးနဲ့ လူငယ် တွေ အသိပညာ အတတ်ပညာ မျှဝေရာဌာနအဖြစ်ရည်ရွယ် လို့ Do well Nay Maung Education Hub လို့ အမည်ပေးခဲ့ ပါတယ်။
အခုလည်း လူငယ်တွေကို အသိပညာ အတတ်ပညာ တိုးစေရန် ရည်ရွယ်ပြီး TAG project 2022 ကိုဖွင့်လှစ်ခဲ့ပါတယ်။ တနေ့ ကတော့ သင်တန်းဆင်းပြီဖြစ်လို့ သင်တန်းသူ လေးတွေကို သင်တန်းဆင်း presentation လုပ်ခိုင်းတော့ ခုခေတ် လူငယ်တွေရဲ့ အရည်အချင်းကို တွေ့မြင်ပြီး ဝမ်းသာအားတက် မိပါတယ်။
လူငယ်တွေလည်း ဆရာတို့ရဲ့မြန်မာနိုင်ငံတော်ကြီးကို တိုးတက်အောင် တချိန်မှာ ပုခုံးပြောင်းတာဝန်ယူနိုင်ကြပါစေ…






Comments
Post a Comment