Contributions to Community C2C (53)
မနေ့က ရန်ကြီးအောင်ကျောင်းတိုက်မှ သံဃာတော်များကို နေ့ဆွမ်းချက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဆွမ်းကပ်ရာမှာ ချက်ပြုတ်ပြီး ပူးပေါင်း ကုသိုလ်ယူခဲ့သော ရတနာအိမ်ယာမှ အလှူရှင်များ ကိုလည်း ကျေးဇူးတင်ရှိပါတယ်…..
ဤသို့ပြုရသောကုသိုလ်ကြောင့် မိမိတို့နိုင်ငံမှစစ်ဘေးဒုက္ခ သည်ပြည်သူအပေါင်း ချမ်းအေးလှသည့် ဆောင်းရာသီ ကို ဘေးမသီ ရန်မခဘဲ ကျန်းမာစွာဖြတ်သန်း နိုင်ပါစေကြောင်း ဆုတောင်းအပ်ပါတယ်…
ယခုဆောင်းရာသီတွင် အအေးဒါဏ်ကို အလူးအလဲခံစားနေရသော စစ်ကိုင်းတိုင်းမှ စစ်ရှောင်ပြည်သူများသို့ ဆရာတို့ ပေးပို့လိုက်သည့် အနွေးထည် ထုပ်များလည်း ပုလဲ ဒီပဲယင်း ဆိုင်ပြင် စသောမြို့နယ်များမှ စစ်ရှောင်ပြည်သူများထံရောက် ရှိပြီး ပြည်သူများက လည်း အနွေးထည်များရရှိပြီး အအေးဒါဖဏ်ကို ကြံ့ကြံ့ခိုင်နိုင်လာ၍ ကျေးဇူးတင်မေတ္တာပို့ကြောင်း ပြန်ကြားလာပါတယ်…
အဝတ်အထည်နှင် ငွေကြေးကို မိမိတို့မှတဆင့်ပေးပို့လှူဒါန်း ပါသော အလှူရှင်အပေါင်းကိုလည်း စစ်ဘေးရှောင်ပြည်သူ များကိုယ်စား ကျေးဇူးတင်အပ်ပါတယ်….





Comments
Post a Comment