YGW မိဘမဲ့ ပရဟိတ နှင့် ဘကကျောင်းသို့အမေ့အတွက်အလှူ
Contributions to Community C2C (52)
ဆရာ့ရဲ့မိခင်ကြီး ကွယ်လွန်ခဲ့သည်မှာ မနက်ဖန်ဆိုလျင် ရှစ်နှစ် တင်းတင်းပြည့်ပါပြီ။ ဆရာကတော့ မိဘကံ သားသမီး ကံအလွန်ကောင်းခဲ့ပါသည်။ ဆရာမိခင်လည်း ဆရာ့ကို အလွန်ချစ်သဖြင့် ကျန်မောင်နှမများကပင်သူ့သား ကို အချစ်ပိုတယ်ဟု ချစ်စနိုးပြောလေ့ရှိပါသည်။ မိခင်ဘခင် တို့၏ကျေးဇူးကြောင့် ဆရာလည်း ပညာတတ် လူကောင်း တစ်ဦး ဖြစ်လာပြီး ပွဲလယ်တင့်ခဲ့ရပါသည်။
ထို့ကြောင့် ကိုယ့်လို မိခင်မေတ္တာမရခဲ့သော ကလေးများကို နှစ်သိမ့်ရန်ရည်ရွယ်၍ တိုက်ကြီးရှိ YGW မိဘမဲ့ဂေဟာ နှင့် ဘကကျောင်းသို့ယနေ့ သွားရောက်ကာ မိခင်ကြီးကိုရည် စူးပြီး ကျောင်းရှိသံဃာများကို နေ့ဆွမ်းကပ်ကာ ကလေး ငယ်နှင့် ကျောင်းသူ/သားများ ဝန်ထမ်းများ စုစုပေါင်း ဦးရေ(၇၀၀) ကို နေ့လည်စာ ပေးလှူခဲ့ပါသည်။
ဆရာက ကလးချစ်တတ်သူ ဖြစ်သည့်အလျောက် ရင်ခွင် မဲ့ ကလေးငယ်များကိုပွေ့ဖက်အားပေး နှစ်သိမ့်ခဲ့ပါသည်။ သူတို့က မိဘမေတ္တာငတ်နေကြ၍ထင်ပါသည်။ ဆရာတို့အဖွဲ့ တွေ့သည်နှင့် ဝိုင်းဖက်တွယ်တက်ကြပါသည်။ ပြီးလျင် ပြန်မဆင်းချင်ကြပါ။ ဆရာတို့ကို ပေးမပြန်လိုကြပါ။
ကလေးများမှာ ရုပ်ရည်လေးများချောမောကာ ချစ်ဘို့အ လွန်ကောင်းပြီး ဘယ်လိုဘဝ ကုသိုလ်ကံကြောင့် မိဘမဲ့ရပါ သလဲ ဟူသောအတွေးက ခေါင်းထဲအလိုလို ရောက်လာပြီး စိတ်မကောင်းဖြစ်မိပြန်ပါသည်။ သို့သော်လည်း အမေကံကောင်းသော ဆရာက အမေကံမကောင်းသောကလေးများ ကိုကျွေးမွေး နှစ်သိမ့်ခွင့်ရ၍ ဝမ်းသာနေမိပါတော့သည်။
















Comments
Post a Comment