သားတို့ သမီးတို့ သိစေဘို့ "Q" ယဉ်ကျေးမှု၊ သတိပြု နိုင်ငံကြီးသားများ လိုက်နာထား...


    ဒီနေ့ AYA Bank ရှေ့က ATM မှာငွေထုတ်ဘို့ရာ အထဲ မှာ လည်းလူတယောက်ရှိနေပြီး အပြင်မှာလည်း တယောက် ရှိနေလို့ ခပ်ခွာခွာမှာ ရပ်စောင့်နေတယ်၊
   အဲဒီမှာ အထဲကလူထွက်သွားတော့ ထိပ်ကလူဖုံးပွတ်နေ တုံး ဆရာ့နောက်ကလူငယ်တယောက်က မပြောမဆိုနဲ့

နှစ် ယောက် ကိုကျော်တက်ပြီး ATMခန်းလေးထဲ ဝင်သွား တယ်
   ကျော်ဝင်သွားတဲ့လူငယ်လေးက ၁၈နှစ်လောက်ရှိထင်ရဲ့ ဝတ်ထားတာတော့ ခေတ်ဆန်ဆန်ဘဲ၊ ပုံကတော့ ဘယ်သူ့ ကိုမှ ဂရုမစိုက်တဲ့ပုံ၊ အထဲဝင်သွားပြီးတော်တော်နဲ့ပြန် ထွက် မလာလို့ လှမ်းကြည့်လိုက်တော့ အပြင်ပြန်မထွက် ဘဲ ဖုံးပြောနေတယ်...
  ဆရာ့ရှေ့ကလူက လက်ခါပြနေလို့ ကျွန်တော်ဝင်ပြော မယ်ဆိုပြီး ATM မှန်တံခါးကို တွန်းဖွင့်ဝင်သွားတော့ သူက ဖုံးဆက် မပျက်ဘူး၊ ဆရာလည်း လူငယ်ကို "လူတွေ စောင့် နေတာအားနာဦးကွ၊ နောက်ပြီး ကိုယ့်ရှေ့မှာတန်းစီ နေတဲ့လူရှိရင် ကျော်မတက်ရဘူး၊ အရေးကြီးရင်ရှေ့လူ ကို ခွင့်တောင်းပြီးမှ ဝင်ရတယ်၊ တန်းစီယဉ်ကျေးမှု ကို နားလည်ပါ" ပြောလိုက်မှ သုတ်သုတ်ပြန်ထွက်သွားတယ်
   ဝတ်ပုံစားပုံက လူရည်တတ်ပုံမျိုး၊ ဒါပေမဲ့ ပြည်သူ့နီတိ လိုက်နာ ရမဲ့ ကျင့်ဝတ်တွေတော့ မလိုက်နာဘူး... ဘယ်လို သင်ကြား အုပ်ထိန်းမှု အောက်မှာ ကြီးပြင်းလာပါလိမ့် လို့လည်း တွေးနေမိပါတယ်...
    တဆက်တည်း ကလေးတွေအတွက် ဆရာတို့ ဖွင့်ထား တဲ့လမ်းဘေးကစာသင်ဝိုင်း "open classroom" ကို သတိရ မိတယ်၊ ကျောင်းမတက်နိုင်တဲ့ကလေးတွေကို အရေး အဖတ် အတွက် အဓိကသင်ပေးပြီး လူကြားထဲ ဝင်ဆံ့ အောင် ပြည်သူ့နီတိ ကိုလည်းသင်ပေးပါတယ်...        .  သူတို့ဟာ ပျံကျတဲလေးတွေမှာ အနေစုတ်ပေမဲ့ သေချာ သင် ပေးထားဒါကြောင့် ပစ္စည်းဝေပေးတဲ့အခါလိုမျိုးတန်း စီဘို့လိုချိန်မှာ စနစ်တကျ တန်းစီ်တတ်ကြပါတယ်... လူတစ် ယောက်ရဲ့ အဆင့်အတန်းဟာ ငွေကြေးပြည့်စုံမှု ပေါ်မှာ မတည်ပါလားလို့လည်း သုံးသပ်မိပါတယ်...
  နောင်တခေတ်မှာ ပုခုံးပြောင်းတာဝန်ယူမဲ့ လူငယ်တွေကို ပြည်သူ့နီတိကိုလိုက်နာဘို့ဆိုတာ သူငယ်စဉ်ကတည်းက မိဘ ဆရာ ပတ်ဝန်းကျင် အားလုံးက ဝိုင်း သွန်သင်ဘို့ အရေးကြီးတယ်လို့ ယူဆပါတယ်.....

Comments