C2C နင့် MHMF ၏ ကလောမြို့နယ်နန်းတဲကျေးရွာမျက်မှန်လှူ

 

Contributions to Community C2C (50)

Mission for Vision to people from Nan Te village, Shan State
22.12.2022 ကြာသပတေားနေ့မှာ (C2C) Contributions to Community အဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်း ကလော မြို့နယ် နန်းတဲကျေးရွာက ပြည်သူ ၁၈၀ ကျော်ကို မျက်စေ့စမ်းသပ်ပြီး အနီးကြည့် အဝေးကြည့်မျက်မှန် များပေးလှူခဲ့ပါတယ်…
ယနေ့အလှူမှာ မြန်မာနိုင်ငံ ခြေလျင်နှင့်တောင်တက်အဖွဲ့ ချုပ်မှ အဖွဲ့ဝင် ၄၉ဦးက မျက်မှန်စမ်းသပ်ခြင်းကို ကူညီဆောင်ရွက်ပေးကြပြီး Hill Lodge Hotel နှင့် Camping and Eco Activities မှလည်း ကူညီ ပံ့ပိုးပေးခဲ့ကြပါတယ်…
မျက်မှန်များအလှူအပြီးမှာ နန်းတဲဘုန်းကြီးကျောင်းဆရာတော်က ပရဟိတ အလှူရှင်များကို စားကောင်းသောက်ဖွယ် တွေနဲ့ ကျွေးမွေး ဧည့်ခံပါတယ်။ ဒေသချက်ဟင်းတွေနဲ့ စားလို့ ကောင်းလှပါတယ်…
ရှမ်းတောင်တန်းတွေကြားကနန်းတဲရွာကလေးက သာယာ လှတဲ့ Campaign and Eco Activities မှာ နေရာထိုင်ခင်းစီစဉ် ပေးတဲ့ Hill Lodge Hotel မှ ဦးတင်ဝင်းနဲ့ Manager မမိုးမိုးဝင်း တို့ကိုလည်းကျေးဇူးတင်ပါတယ်…
ညဘက်မှာလည်း ကလောမြို့နှီးဘုရားမှာ နယ်ခံလူ၅၀ ကျော်ကို ထပ်မံမျက်မှန်စမ်းသပ် ပေးလှူခဲ့ပါတယ်….
ဒီနေ့အလှူမှာတော့ Drနေစိုးမောင်နဲ့ညီအကိုမောင်နှမများက ငွေကျပ်သုံးသိန်း၊ Dr သန်းမိုးနိုင် Dr အေးမြမြတင်စိန် သားသန်းဝေယံမိသားစုက ငွေကျပ်သုံသိန်း၊ မဖြူ မစုငယ် တို့က ငွေကျပ်တစ်သိန်း၊ ကိုစည်သူကျော်မှငါးသောင်းထဲ့ဝင်လှူဒါန်းခဲ့လို့ သာဓုခေါ်ပါတယ်…
ကလော အင်းလေး ဖြတ်ကျော်ခရီးစဉ် Kalaw to Inlay Country Road Tracking ကိုလျောက်ကြမဲ့ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် အဖွဲ့သားများကိုလည်း အား ဖြည့်ကူညီခဲ့လို့ C2C မှကျေးဇူး တင်ပါတယ်….
မျက်မှန်စမ်းသပ်ပြီး ပေးလှူနေတဲ့ ပုံလေးတွေကို ပီတိဖြစ်ပြီး သာဓုခေါ်နိုင်အောင် မျှဝေပေးလိုက်ပါတယ်…

Comments