Contributions to Community C2C (47)
Mission for Vision to people from Aye Ywa, other side of Hlaing river
1.12.2022 ကြာသပတေားနေ့မှာ လှိုင်မြစ်တဘက်ကမ်း အေးရွာမှာ ရှိတဲ့ ပြည်သူ ၁၈၀ကျော်ကို မျက်စေ့စမ်းသပ်ပြီး အနီးကြည့် အဝေးကြည့် မျက်မှန်များ ပေးလှူခဲ့ပါတယ်…
မျက်မှန်များအလှူအပြီးမှာ ဆရာတော်က ပရဟိတ အလှူရှင်များကို စားကောင်းသောက်ဖွယ်တွေနဲ့ ကျွေးမွေး ဧည့်ခံပါတယ်။ အိမ်ချက်ဟင်းတွေနဲ့ ဆွမ်းကပ်ဟင်းတွေနဲ့ စားလို့ ကောင်းလှပါတယ်…
ဒီနေ့အလှူမှာတော့ ဦးသာထွန်းက သူရဲ့မွေးနေ့၂၉.၁၁.၂၂ အလှူအဖြစ် ငွေကျပ်တစ်သိန်းထဲ့ဝင်လှူဒါန်းခဲ့ပါတယ်….
ကိုမိုးမင်းဦး ကငွေငါးသောင်းနဲ့ မအေးစုလှိုင်ကလည်း ငွေငါးသောင်းထည့်ဝင်လှူဒါန်းခဲ့လို့ သာဓုခေါ်ပါတယ်…
မျက်မှန်စမ်းသပ်ပြီး ပေးလှူနေတဲ့ ပုံလေးတွေကို ပီတိဖြစ်ပြီး သာဓုခေါ်နိုင်အောင် မျှဝေပေးလိုက်ပါတယ်…
https://www.facebook.com/100059500965440/videos/1109116456394686/
https://www.facebook.com/100059500965440/videos/1109116456394686/

Comments
Post a Comment