Contributions to Community C2C ( 48)
Mission for Vision to Poppa Sal Pouk people
၂၀၂၂ December 4th နဲ့ 5th က ရှေးဟောင်း သုတေသီ အဖွဲ့နဲ့ လိုက်ပါရင်း ပုပ္ပားတောင်ခြေ ဆည် ပေါက်အနီးဝန်းကျင်က ရွာသူရွာ သား ၁၇၇ဦးကို မျက်စေ့စမ်းသပ်ပြီး အနီးကြည့်အဝေးကြည့် မျက်မှန်များပေးလှူခဲ့ပါတယ်…
ပုပ္ပားတဝိုက်ကရွာတွေကို မျက်မှန် အလင်းအလှူပေးတာ October, November နဲ့ အခု December သုံးကြိမ်ရှိသွားပါပြီ…
ရှေးဟောင်းဘုရားများကိုလေ့လာနေတုံး မျက်မှန်လိုချင်တဲ့ ပြည်သူတွေ လာစောင့်နေတယ်ဆိုလို့ ကိုအောင် စိုးမိုးရဲ့ ကားနဲ့ အမြန်ပြန်ပြီး ည၉နာရီမိုးချုပ်တဲ့အထိ စောင့်ရကျိုးနပ်အောင် မျက်စေ့စစ်ပြီးမျက်မှန်များပေးလှူခဲ့ပါတယ်
ညစာမစားဘဲ ညဘက်မျက်စေ့စမ်းပြီး မျက်မှန်အလှူလုပ် နေတာကို ပြည်သူတစ်ဦးက ဓာတ်ပုံရိုက်ထားတာ ပို့ပေးလိုက် လို့ ကျေးဇူးတင်ဝမ်းသာမိပါတယ်…





Comments
Post a Comment