၆၆နှစ်သားတောင်တက်သမားတစ်ဦး၏ ကလောမှအင်းလေး သို့ နှစ်ရက်တာ တောလမ်းဖြတ်ကျော် ခရီး….

 

66years old hiker’s two days country road tracking from Kalaw to Inlay with fellow MHMF members
ယခု ၂၀၂၂တွင် ဆရာ အသက်၆၆နှစ် ပြည့်ပါပြီ…
အသက်၆၆နှစ်အထိမ်းအမှတ်အဖြစ် November လက ၄၉၈၁ပေမြင့်သော ပုပ္ပားတောင်မကြီးကို တောင်တက်အဖွဲ့ဝင် ၄၅ဦးကို ဦးဆောင်လျက် တက်ရောက် အောင်မြင်ခဲ့ပါသည်….
ယခု တဖန် December 21st to 25th အတွင်း ရှမ်းပြည် တောင်ပိုင်း ကလောမှ အင်းလေးသို့ တစ်ရက်ခွဲခရီးကို မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် အဖွဲ့ဝင်၄၈ ဦး ကိုဦးဆောင်ပြီး လှပသော တောင်ယာခင်းများ တောတောင်ရှုခင်းများတိုင်းရင်း သား ကျေးရွာများကို ဖြတ် ကျော်ကာ အောင်မြင်စွာ လျောက်လှမ်းနိုင်ခဲ့ပါသည်။
MHMF အဖွဲ့ဝင်များကို ကိုယ်ခန္ဓာ ကျမ်းမာသန်စွမ်းပြီး စိတ်ဓာတ် ကြံ့ခိုင်စေရန် အဖွဲ့စည်းစိတ်ဓာတ်ရှိစေရန် သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းတတ်စေရန် စသော အချက် များကို ရည်ရွယ်၍ training အဖြစ် two days hiking ဆင်းခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် အဖွဲ့သားများကလည်း စည်းကမ်းရှိစွာစည်းလုံးညီညွတ်စွာ လိုက်ပါလျောက် လှမ်းခဲ့၍ အောင်မြင်သည့် ခရီးစဉ်ဖြစ်ခဲ့သဖြင့် ဆရာမှအဖွဲ့သား များကို ကျေးဇူးတင် ဂုဏ်ယူအပ်ပါသည်။
Professor Dr Nay Soe Maung
Myanmar Hiking and Mountaineering Federation

Comments