2023 နှစ်သစ်အကြို စက္ခုအလင်းဖွင့် အလှူဒါန

 



Contributions to Community C2C (51)
Mission for Vision to people from Wan Dwin
၂၀၂၃ နှစ်သစ်ကူးအကြိုနဲ့ ဆရာရဲ့အသက်၆၆နှစ်အမှတ်တရအဖြစ် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ရွာသစ် ဇောင်းချမ်း ရွာများမှ ရွာသူရွာသားတွေကို မျက်စေ့စမ်းသပ်ပြီး အနီးကြည့် အဝေးကြည့် မျက်မှန်များပေးလှူခဲ့ပါတယ်…..
အစက လူတစ်ရာကျော်လောက်ဘဲ ကြိုစာရင်းပေးထား ပေမဲ့ လက်တွေ့မှာပါလာတဲ့ မျက်မှန်အလက် ၃၀၀ ကုန်သလောက် ဖြစ်သွားပါတယ်…
နောက်မှ မေးကြည့်တော့ တချို့အဖွဲ့တွေက မျက်မှန်စမ်းသပ်ပေးပြီး မျက်မှန်ပေးတဲ့အခါ မျက်မှန်ဘိုးတောင်းသွား တဲ့ ဖြစ်စဉ်ရှိခဲ့ဘူးလို့ မဝံ့မရဲဖြစ်နေသတဲ့ ဆရာတို့အဖွဲ့က မျက်မှန်ဘိုးမယူဘဲ အလကား လှူတာသိသွားတော့မှ လူတွေကြိတ်ကြိတ်တိုး လာကြတာပါတဲ့…
နှစ်သစ်မှာ အမြင်မှုန်ဝါးနေသူများလည်း မျက်မှန်ရလို့ ကြည်လင်စွာ မြင်နိုင်ကြပါစေ…
အမိုက်မှောင်ဖုံးနေသူများလည်း ဥာဏ်အလင်းရလို့ အမှန်ကို မြင်နိုင်ကြပါစေ…

Comments