“ဆေးလိပ် ကွမ်းယာ ကင်းစင်သောမျိုးဆက်”

Contributions to Community C2C (44)
Health talk to monks nuns and students at Aung Myae Thuka Monastery
25th November 2022 မှာ တာမွေက အောင်မြသုခ ကျောင်းတိုက်မှာ ဗိုလ်ချိုရပ်ကွက်နဲ့ ငါးထပ်ကြီးရပ်ကွက် ကပြည်သူ ၃၀၀ ကျော်ကို မျက်စေ့စမ်းသပ်ပြီး အနီးကြည့် အဝေးကြည့် မျက်မှန်များ ပေးလှူဖြစ်ပါတယ်…
မျက်မှန်များအလှူအပြီးမှာ အောင်မြေသုခ ဆရာတော်က ပရဟိတ အလှူရှင်များကို စားကောင်းသောက်ဖွယ်တွေနဲ့ ကျွေးမွေး ဧည့်ခံပါတယ်
ပြီးတဲ့နောက် အောင်မြေသုခ ဘကကျောင်းမှစာသင်သား ကိုရင် မယ်သီလရှင် နဲ့ ကျောင်းသားများကို ကျန်းမာရေး ပညာပေး ဟောပြောဖြစ်ပါတယ်… ခေါင်းစဉ်ကတော့ ဆရာ လုပ်နေတဲ့ “Tobacco Free Generation” “ဆေးလိပ် ကွမ်းယာ ကင်းစင်သောမျိုးဆက်” ဖြစ်ပါတယ်…
ဆေးလိပ် ကွမ်းယာ ရေရှည်သောက်သုံးခြင်းကြောင့် ရရှိတဲ့ ကျန်းမာရေး စီးပွါးရေး လူမှုရေး ဆိုးကျိုးတွေ ရရှိနိုင် တဲ့ ရောဂါပေါင်းစုံ မြန်မာနိုင်ငံမှာ ဆေးလိပ် ကွမ်းယာစား သုံးမှုကြောင့် တနှစ်ကိုလူ ၂၀၀ကျော် သေဆုံးနေရကြောင်းနဲ့ စားသုံးမိရင် ဖြတ်ရခက်ခဲတာကြောင့် ယခုကပင် ဆေးလိပ် ကွမ်းယာကို မစားသုံးကြဘို့ ဟောပြောဆွေးနွေးခဲ့ပါတယ်။ စီစဉ်ပေးတဲ့ ဆရာတော်ကိုလည်း အထူးကျေးဇူး တင်ရှိ အပ်ပါတယ်…
ကျန်းမာရေး ဆွေးနွေးပွဲ အပြီးမှာတော့ ကိုရင် သီလရှင်နဲ့ ကျောင်းသူကျောင်းသား ၃၅၀ကို ဆရာတို့အဖွဲ့က Pep နို့မှုန့် များ အဟာရဒါန ပေးလှူခဲ့ပါတယ်….
 

Comments