Contributions to Community C2C (45)
Mission for Vision to monks nuns and students at Aung Myae Thuka Monastery, Bo Cho ward
25.11.2022 သောကြာနေ့မှာ တာမွေက အောင်မြသုခ ကျောင်းတိုက်မှာ ဗိုလ်ချိုရပ်ကွက်နဲ့ ငါးထပ်ကြီးရပ်ကွက် ကပြည်သူ ၃၀၀ ကျော်ကို မျက်စေ့စမ်းသပ်ပြီး
မျက်မှန်များအလှူအပြီးမှာ အောင်မြေသုခ ဆရာတော်က ပရဟိတ အလှူရှင်များကို စားကောင်းသောက်ဖွယ်တွေနဲ့ ကျွေးမွေး ဧည့်ခံပါတယ်
ပြီးတဲ့နောက် အောင်မြေသုခ ဘကကျောင်းမှစာသင်သား ကိုရင် မယ်သီလရှင် နဲ့ ကျောင်းသားများကို ကျန်းမာရေး ပညာပေး ဟောပြောဖြစ်ပါတယ်… ခေါင်းစဉ်ကတော့ ဆရာ လုပ်နေတဲ့ “Tobacco Free Generation” “ဆေးလိပ် ကွမ်းယာ ကင်းစင်သောမျိုးဆက်” ဖြစ်ပါတယ်…
ကျန်းမာရေး ဆွေးနွေးပွဲ အပြီးမှာတော့ ကိုရင် သီလရှင်နဲ့ ကျောင်းသူကျောင်းသား ၃၅၀ကို ဆရာတို့အဖွဲ့က Pep နို့မှုန့် များ အဟာရဒါန ပေးလှူခဲ့ပါတယ်….









Comments
Post a Comment