ရပ်ဝေး ရပ်နီး နိုဝင်္ဘာလမွေး အလှူရှင်များ….. လိုအပ်နေသူများကိုပေးပို့လှူ ပူးပေါင်းပါဝင် ကုသိုလ်ယူ…

 

    ဆရာ့မွေးလဖြစ်တဲ့ နိုဝင်္ဘာလအတွင်းမှာ ဆရာကိုယ်တိုင် အလှူအတန်းတွေ လုပ်နေရာမှာဆရာနဲ့မွေးလတူတဲ့မိတ်ဆွေ များလည်း ပူးပေါင်းပါဝင်လှူဒါန်းကြပါတယ်…..
    ဒီနေ့မှာတော့

ရပ်ဝေးရောက် မနန္ဒာလင်းကလည်း သူ့မွေး လမှာ ဆရာနဲ့အတူ ကုသိုလ်ယူဖို့ မြန်မာပြည်က လိုအပ်နေသူ တွေကိုကူညီဘို့ ငွေကျပ် တစ်ဆယ်သိန်းကိုလှူခဲ့ပါတယ်


   မနေ့ကလည်း မချစ်စုကလည်း သူမရဲ့မွေးနေ့အလှူအဖြစ် ငွေတစ်သိန်းနဲ့ အဝတ်အထည်တွေလာရောက်လှူခဲ့ပါတယ်..


   တနေ့ကလည်း မမြဝင့်ကျော်က သူမရဲ့ အသက်၂၀ပြည့် မွေးနေ့မှာ ငွေကျပ်တစ်သိန်း ပေးလှူခဲ့ပါတယ်…
   ဆရာတို ပုပ္ပားတောင်ခြေက မြောက်တောရွာမျက်မှန်အ လှူမှာလည်း ကိုချမ်းမြေ့ဇော်က ငွေကျပ်နှစ်သိန်းကို မွေးနေ့ အလှူ ပါဝင်ခဲ့ပါတယ်…


  ဒီလအစောပိုင်းကလည်း သမီးလေး မေရှုမဝအောင်က သူမရဲ့ ၉နှစ်ပြည့်မွေးနေ့အဖြစ်ငွေကျပ်တသိန်းလှူခဲ့ပါတယ်


  အလှူရှင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘဝခရီး ဖြောင့်ဖြူးသာယာလို့ ဆက်လက်၍ လိုအပ်နေသူ တွေကို ပံ့ပိုးကူညီနိုင်ကြပါစေ…

Comments