COVID ကာလကြီးလွန်မြောက်ရင်တော့ ရပ်ဝေးရပ်နီးကအတန်းဖော် သူငယ်ချင်းတွေ အခုလို ပျော်ပေါ်ပါးပါးပြန်လည် ဆုံစည်းကြမယ်လို့ မျှော်လင့်နေတာ…
ဆရာတို့ ဆေးတက္ကသိုလ် 1974 - 82 batch ကmini gathering, grand gathering မကြာခဏ လုပ်ကြလေ့ရှိပါတယ်… အားလုံးဟာအရမ်းချစ်ခင်ကြပြီး ရာထူးဂုဏ်ရှိန်တွေ ချမ်းသာကြွဝ ပကာသနတွေ ဘေးချိတ်ပြီး ညီအကို မောင်နှမရင်း တွေလိုနေကြတာကြောင့် တွေ့ဆုံပွဲတွေဟာ အလွန်မှ ပျော်စရာ ကောင်းလှပါတယ်…
ဆရာ တို့အဖွဲ့ကြိုက်တဲ့ slogan လေးကတော့…
“Life is too short to take it seriously”
ဆရာတို့ ဘာသာပြန်ထားတာကတော့ ဒီလိုပါတဲ့
“ဘဝဟာရေးကြီးခွင်ကျယ်တွေလုပ်ဘို့အချိန်သိတ်မရှိဘူး”တဲ့
သင်ကော.. သဘောတူပါသလား ?

Comments
Post a Comment