ယခုနှစ်ဝါကျွတ်ကာလမှာ မိမိ၏ဆွေမျိုးဝါကြီးများ အခြေခံ ပညာကျောင်းမှာ သင်ကြားပေးခဲ့ကြသော ဆရာ ဆရာမကြီး များ ဆေးကျောင်းမှာသင်ကြားပေးခဲ့ကြသော ဆရာ ဆရာမကြီးများကို သွားရောက်ကန်တော့ခဲ့ကြောင်း ယခင် post များတွင် တင်ပြခဲ့ပြီးပါပြီ…
ထို့အပြင် ဆေးလောကမှမဟုတ်သော မိမိပန်းချီပညာကိုလေ့လာ သင်ယူစဉ် သင်ဆရာ မြင်ဆရာများဖြစ်ကြသော ပန်းချီ ဆရာကြီး ဦလွန်းကြွယ် ပန်းချီဦးဝင်းဖေမြင့် နှင့် မိမိ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်စဉ် မိမိအား မအအောင် သမိုင်းကို သိနားလည်အောင်သင်ကြားပေးခဲ့သော သမိုင်းပါမောက္ခ ဆရာကြီး ဦးကျော်ဝင်းတို့အား သွားရောက်ကန်တော့ ခဲ့ပါသည်။
ဆရာကြီးများမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်သော်လည်း ကျန်းမာစွာတွေ့မြင် ကန်တော့ခွင့် ရခဲ့ရသဖြင့် အလွန်ဝမ်းမြောက် မိပါသည်။



Comments
Post a Comment