Mission for Vision to Phalan Kone Village
October 3rd မှာ နွားထိုးကြီးမြို့နယ်ထဲက ဖလံကုန်းကျေးရွာကို သွားရောက်ပြီးမျက်မှန်လှူဖြစ်ပါတယ်။
အမြန်လမ်းကနေ မိတ္ထီလာကိုဝင်ပြီး မလိုင်မြို့ကိုသွားရပါ တယ်။ အဲဒီကမှ ပန်းအိုင်ကိုသွားပြီး တောလမ်းလေးအတိုင်း အတော်သွားမှ ဖလန်ကုန်းကိုရောက်ပါတယ်။ အညာဒေသဆိုတော့ ခြောက်ခြောက်သွေ့သွေ့လို့ ထင်ခဲ့မိပေမဲ့ မိုးမကုန်သေးတာကြောင့် လမ်းတလျောက်မှာ စိမ်းစို တဲ့ ယာခင်းတွေကြောင့် လိုက်ပါလာတဲ့ C2C အဖွဲ့သားများ အမောပြေသွားရပါတယ်။
ရွာရောက်တော့လည်း မိုးအုံ့ပြီး နေမပူတာကြောင့် သစ်ပင် ကြီး အရိပ်မှာဘဲ ရွာသား ၂၃၀ ကို မျက်စေ့စမ်းသပ်ပြီးအဝေးကြည့် အနီးကြည့် မျက်မှန်တွေလှူခဲ့ပါတယ်။

Comments
Post a Comment