စစ်ကိုင်းတိုင်း စစ်ရှောင်ပြည်သူများသို့ ငွေကြေးနင့်ရိက္ခာအလှူ

 

Contributions to Community C2C (37)

စစ်ကိုင်းတိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်လာပြီး စားဝတ် နေရေး အတိ ဒုက္ခရောက်လျက်ရှိသော ပြည်သူများ အတွက် ကျပ်သိန်း ၂၀ ကျော်ဘိုးရှိ သုံးစွဲရန်ငွေကြေး နှင့် ဆန် ဆီဆား ကြက်ဥစသော ရိက္ခာများကို လက်ခံကျွေးမွေး စောင့်ရှောက်ထားသော မုံရွာမြို့ရှိ ကျောင်းတိုက်များ နှင့် ခိုကိုးရာနေရာများသို့ ကိုယ်တိုင်သွားရောက်လှူဒါန်း ခဲ့ပါသည်…
ဇူလိုင် ၁၃ တွင် သွားရောက်သည့် စခန်းတစ်ခုတွင် ဆရာ တို့ လှူဒါန်း သည့်နေ့က စခန်းရှိ စစ်ရှောင်ပြည်သူများကို ကြက် သား ဟင်း ဟင်းပေါင်း ဘာလချောင် ကြော်များချက် ကျွေးရာ မိန်ရည်ရှက်စွာ စားသုံးကြသည်ကိုတွေ့ရ၍ အထူး ဝမ်းမြောက် မိပါသည်... ဓာတ်ပုံပို့ပေးသူကို ကျေးဇူးတင်ရှိပါသည်...
ထို့နောက် စစ်ရှောင်စခန်းရှိ ပြည်သူများထဲမှ မျက်စေ့မှုန်သူများကိုလည်း စမ်းသပ်ပြီး မျက်မှန်များပေးလှူခဲ့ပါသည်... အများမှာ မျက်စေ့မှုန်နေသော်လည်း မျက်မှန် မရှိကြပါ… ရှိသူအချို့မှာလည်း ကမန်းကတန်းထွက်ပြေး ရသဖြင့် မပါလာကြပါ… မျက်မှန်များရသွားကြ၍ ဝမ်းသာ သွားကြသည်ကို မြင်ရ၍ ပီတိဖြစ်ရပြန်ပါသည်…
ဆရာ၏ အလှူတွင်ပါဝင် လှူဒါန်းခဲ့သော New York.USA မှ ဒေါက်တာဇော်နိုင် ဒေါက်တာတင်မိုးဝေ၊ Perth Australia မှ ဦးမြင့်သိန်း သာကေတရတနာအိမ်ယာမှမိတ်ဆွေ၊တာမွေ မှမေသဇင် လူရည်ချွန်သူငယ်ချင်းများ၊ ဦးကိုကို၊ ဦးထွန်းသန့်၊ ဒေါ်ကြည်ဝင်း နှင့် ဆရာ့ မိသားစု တို့ကိုလည်းစစ် ဘေး ရှောင်ပြည်သူများ ကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်…ေ
eee

Comments