· 
စက်တင်ဘာ ၁၆ရက်က လက်ယက်ကုန်းကျေးရွာစာသင်ကျောင်း ကို လေယာဉ်ပေါ်မှလက်နက် နဲ့ပစ်ခတ်လို့ စာသင်ခန်းထဲက
ဘာမှမသိသေးတဲ့ အပြစ်မဲ့ ကလေးတွေကို ဘယ်လိုစိတ်မျိုး နဲ့များ လူမဆန်စွာလုပ်ရက်လည်း ဆရာမတွေးတတ်တော့ပါ
ဆရာတော့ ပါချုပ်ဘဝက ပင်စင်ယူပြီးကတည်းက အခြေခံ လူတန်းစားနင်းပြားတွေရဲ့ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို လမ်းဘေး စာသင်ခန်း Open Classroom တွေဖွင့်ပြီး ဆရာ မ တွေငှားလို့ စာသင်ပေးခဲ့ပါတယ်... ကလေးတွေ စာတတ်ပြီး အလုပ် အကိုင် အခွင့်လမ်းတွေပွင့်လာမှ သူတို့လေးတွေရဲ့ ဘဝ ဟာ သာယာဝပြော တိုးတက်လာနိုင်မှာပါ...
အမှန်တော့ အနာဂတ်ရဲ့ ပုခုံးပြောင်းတာဝန်ယူမဲ့ကလေးတွေ လုံခြုံအေးချမ်းစွာ စာသင်နိင်ရေးဟာ အနာဂတ် မြန်မာနိုင်ငံ ရဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက်လည်း အရေးကြီးလှပါတယ် ..









Comments
Post a Comment