ဝမ်းနည်း ဝမ်းသာ ဖြစ်ရသော စစ်ကိုင်းတိုင်း စစ်ရှောင်ပြည်သူများသို့ ထမင်းတနပ်

 



  ·
Contributions to Community C2C (38)

    စစ်ကိုင်းတိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်လာပြီး စားဝတ် နေရေး အတိ ဒုက္ခရောက်လျက်ရှိသော ပြည်သူများ အတွက် ကျပ်သိန်း ၂၀ ကျော်ဘိုးရှိ သုံးစွဲရန်ငွေကြေး နှင့် ဆန် ဆီဆား ကြက်ဥစသော ရိက္ခာများကို လက်ခံကျွေးမွေး စောင့်ရှောက်ထားသော မုံရွာမြို့ရှိ ကျောင်းတိုက်များ နှင့် ခိုကိုးရာနေရာများသို့ ကိုယ်တိုင်သွားရောက်လှူဒါန်း ခဲ့ကြောင်း ပြောပြခဲ့ပြီးပါပြီ…
    ဆရာတို့ သွားရောက်ခဲ့သည့် စခန်းတခုတွင် ဆရာတို့ လှူဒါန်း သည့်နေ့ကစခန်းရှိ စစ်ရှောင်ပြည်သူများကိုကြက်သားဟင်း ဟင်းပေါင်း အသုပ် ဘာလချောင်ကြော်များချက် ကျွေးရာ မိန်ရည်ရှက်စွာ စားသုံးကြသည်ကိုတွေ့ရ၍ အထူး ဝမ်းမြောက်မိပါသည်... အလှူမှာ ခန်းနား ထည်ဝါမှု မရှိသော်လည်း စစ်ရှောင်ပြည်သူတို့က အရသာရှိသော ထမင်းတနပ်အတွက် ကျေးဇူးတင်ကြောင်းပြောကြရာ ဘာပြောရမှန်း မသိတော့ပါ…
  ဟင်းများကို အရသာရှိအောင် အပင်ပန်းခံကာ ချက်ပြုတ် ပေးသော ပရဟိတ အဖွဲ့များ နှင့် အခက်အခဲ ကြားမှ စစ်ရှောင် စခန်းသို့ လိုက်ပီု့ပေးသူကိုလည်း ကျေးဇူးတင်ပါသည်...
 စစ်​ရှောင်ပြည်သူ တို့မိန်ရှက်စွာစားကြသည်ကိုတွေ့ရ၍ဝမ်း သာ သော်လည်း သူတို့၏ ရေရှည်ရပ်တည်ရေးတွေးမိသော အခါ ဝမ်းနည်းရပြန် ပါသည်.’…
Credit: videoပို့ပေးသူကို အထူးကျေးဇူးတင်ရှိပါသည်...

https://www.facebook.com/100059500965440/videos/643704817145283

Comments