ပြန်ပြောပြမယ်ဆိုရင်... ပြောလိုက်ချင်…

 

Contributions to Community C2C (33)
Open Classrooms for street children in suburbs

    ဆရာပင်စင်ယူပြီးနောက် လမ်းဘေးကလေးငယ်တွေ ကိုစာသင် ပေးဘို့အတွက် ဆရာမလေးတွေငှါးပြီး open classroom စာသင်ဝိုင်းလေးတွေကို မြို့ဆင်ခြေဖုံးနေရာတွေမှာ ဖွင့်ဖြစ်ခဲ့ပါတယ်…

   အဲဒီစာသင်ဝိုင်းထဲက တစ်ခုကို မိုးထဲ လေထဲ ဗွက်ရေထဲဖြတ်ပြီး အားကြိုးမာန်တက် ကျောင်းလာတက်တဲ့ပျံကျတဲလေးတွေ မှာနေတဲ့ ကလေးငယ် တွေကို မြင်ရတော့ International School တွေ၊ အလွတ်ပညာသင်ကျောင်းတွေ ထားတာတောင် ကျောင်း မမှန်လို့ guide ခေါ်သင်နေရတဲ့ မြို့ပေါ်က ကလေးတွေကို မြင်ယောင်ပြီး ခေါ်ပြချင်စိတ် တွေပေါ်လာမိတော့တယ်..


 

Comments