စစ်ကိုင်းတိုင်း စစ်ရှောင်ပြည်သူများသို့ မျက်မှန်အလှူဗီဒီယို



 
Contributions to Community (30)
Mission for Vision for war victims at Monywa

    စစ်ကိုင်းတိုင်းအတွင်း စစ်ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီးအတိ ဒုက္ခရောက်လျက်ရှိသော ပြည်သူများခိုလှုံနေရာ

ကျောင်းဝန်းသို့ သွားရောက်ပြီး စစ်ရှောင် ပြည်သူများ သုံးစွဲရန်ငွေကြေး နှင့်ရိက္ခာများကို ကိုယ်တိုင်သွားရောက်လှူဒါန်း ခဲ့ပါသည်…
    သွားရောက်ခဲ့သည့်ကျောင်းတိုက်ရှိ ဆရာ တော်များကို လည်း မျက်မှန်များ စမ်းသပ်ကပ်လှူခဲ့ပါသည်… ထို့နောက် စစ်ရှောင်စခန်းရှိ ပြည်သူများထဲမှ မျက်စေ့မှုန်သူများကိုစမ်းသပ်ပြီး မျက်မှန်များပေးလှူခဲ့ပါသည်... အများစုမှာ မျက် စေ့မှုန်နေသော်လည်း မျက်မှန်မရှိကြပါ ရှိသူအချို့မှာလည်း ကမန်းကတန်းထွက်ပြေးရသဖြင့် မပါလာကြပါ…
   ထို့အပြင် မုံရွာမြို့ရပ်ကွက်ထဲမှမိဘပြည်သူများကလည်း မျက်မှန်လိုချင်သည်ဟု ဆိုသဖြင့် တနေကုန် စမ်းသပ် ပေးလှူခဲ့ရာ အားပေးသူများသဖြင့် မျက်မှန် နှစ်ရာကျော်မှာ အားလုံးကုန် သွားခဲ့ပါတော့သည်…
    မျက်မှန်များရသွားကြ၍ ဝမ်းသာနေသည်ကို မြင်ရ၍ ကြည်နူး ပီတိဖြစ်ရပါသည်…
    မုံရွာမြို့မှ ပြည်သူတဦးက မျက်မှန်လှူနေသည်ကို ဗီဒီယို မှတ်တမ်း လေးရိုက်ထားပြီး အမှတ်တရ ပေးပို့လာပါသည်

https://www.facebook.com/watch/?v=391057343150264

Comments