မြောက်ဒဂုံ ပြည်သူများ သို့ မျက်မှန်အလှူ…

 
Contributions to Community (28)
Mission for Vision in North Dagon

    ၂၀၂၂ခု ဇူလိုင် ၃၀ ရက်တွင် မြောက်ဒဂုံ မှ ပြည်သူများအတွက် ဆရာတို့ Contributions to Community အဖွဲ့မှ ရပ်ကွက်၄၅သို့ ကိုယ်တိုင်သွားရောက်ပြီး မျက်စေ့စမ်းသပ် ကာ

အဝေးကြည့်အနီးကြည့်မျက်မှန်များပေးလှူခဲ့ပါသည်…

   မြောက်ဒဂုံမှ ပြည်သူများကို ဆည်မြောင်းလမ်းဓမ္မာရုံ တွင် စမ်းသပ်ပြီးမျက်မှန်များ လှူဒါန်းခဲ့ရာ ပြည်သူ ၁၇၀ ဦး အတွက် ပေးလှူနိုင်ခဲ့ပါသည်… မျက်မှန်ရရှိသွား သူများ၏ ကြည်လင်ပြတ်သားစွာမြင်တွေ့ရပြီးဝမ်းသာပျော်ရွှင်သွား ပုံကို မြင်ရသူအပေါင်း ပီတိဖြစ်ကြရပါသည်…

    ယနေ့အလှူတွင် လိုက်ပါကူညီသူများ၊ စီစဉ်ပေးသူမချယ် ရီ၊ မလေးနှင့် ဓမ္မာရုံလူကြီးများ ကူညီသူဒေသခံများကို မြောက်ဥက္ကလာ ဆေးတက္ကသိုလ် ၂ အနီးတွင်ဖွင့်လှစ်ထားသော Happy Chef Pizza ဆိုင်မှ Pizza များလာရောက် လှူဒါန်းသဖြင့် အလှူရှင် ကိုဝင်းနေထွန်းအား အထူးကျေးဇူးတင်ပါသည်… 

    ယနေ့ မျက်မှန်အလှူတွင် ငွေသုံးသိန်း ပါဝင်လှူဒါန်းသော Singapore မှ Elizabeth Lun Tin နှင့် တစ်သိန်းလှူဒါန်းသော ကမ္ဘောဇရိပ်သာလမ်းမှ ဒေါ်လဲ့လဲ့သိန်းမိသားစု အားလည်း အထူး ကျေးဇူးတင်ရှိအပ်ပါသည်.….

 

Comments