စစ်ကိုင်းတိုင်း စစ်ရှောင်ပြည်သူများသို့ ကူညီလှူဒါန်းခြင်း နှင့် မုံရွာတွင် ဝါဆိုလပြည့် ဝါဆိုသင်္ကန်း ကပ်လှူခြင်း…

 
Contributions to Community (24)
    စစ်ကိုင်းတိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်လာပြီး စားဝတ် နေရေး အတိ ဒုက္ခရောက်လျက်ရှိသော ပြည် သူများ အတွက် ကျပ်သိန်း ၂၀ ကျော်ဘိုးရှိ သုံးစွဲရန်ငွေကြေး နှင့် ဆန်ဆီဆား ကြက်ဥစသော ရိက္ခာများကို လက်ခံကျွေးမွေး စောင့်ရှောက်ထားသော မုံရွာမြို့ရှိ ကျောင်းတိုက်များ နှင့် ခိုကိုးရာနေရာများသို့ ကိုယ်တိုင်သွားရောက်လှူဒါန်း ခဲ့ပါသည်…


    သွားလှူသည့်ရက် ဇူလိုင်၁၂ နှင့် ၁၃မှာ ဝါဆိုလပြည့်နှင့် တိုက်ဆိုင် နေသဖြင့် သွားရောက်သည့်ကျောင်းတိုက်ရှိ ဆရာ တော်များကိုလည်း ဆရာ့မိဘနှစ်ပါးကို ရည်စူး၍ ဝါဆိုသင်္ကန်း များကပ်လှူခဲ့ ပါသည်… 

မျက်စေ့မှုန်သူများကိုလည်း စမ်းသပ်ပြီး မျက်မှန်များပေးလှူခဲ့ပါသည်...


    မိမိတို့၏ ပြည်သူများမှာ ကိုယ့်အိမ်ယာများကို စွန့်ခွာပြီး ဖြစ်သလို နေထိုင်စားသောက်နေရသည်ကို ကိုယ်ချင်းစာသဖြင် လုံခြုံရေး မကောင်းသည့်ကြားမှသွားလှူခဲ့ခြင်းဖြစ်ပါသည် ဆရာတို့သွားသည့်နေ့က ကားလမ်းတွင် မိုင်းကွဲပြီး ခရီးသည် အသေအ ပျောက် ရှိခဲ့သော်လည်း ဆရာတို့ကားမှာ လွတ်မြောက်ခဲ့ပါသည်...


   ဆရာ၏ အလှူတွင်ပါဝင် လှူဒါန်းခဲ့သော New York.USA မှ ဒေါက်တာဇော်နိုင် ဒေါက်တာတင်မိုးဝေ Perth Australia မှ ဦးမြင့်သိန်း သာကေတရတနာအိမ်ယာမှမိတ်ဆွေ၊တာမွေ မှမေသဇင် လူရည်ချွန်သူငယ်ချင်းများ ဦးမောင်မောင် လွင် ဦးကိုကို ဦးထွန်းသန့်၊ ဒေါ်ကြည်ဝင်း၊ မမိုးစန္ဒာလင်းတို့ကိုလည်းစစ် ဘေး ရှောင်ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်…

Comments