တစ်ဦးက စေတနာ တစ်ဦးကမေတ္တာ ပြည်သူတို့ရဲ့ တုန့်ပြန်မေတ္တာ…..

 
   

ယနေ့မနက် ရာသီဥတုသာယာလို့ အင်းယားကန်ဘက် စက်ဘီး စီးထွက်ပါတယ်။ ပြန်လာတော့ နေ့လယ်စာစားပြီး မမောင်းရကြာပြီဖြစ်တဲ့

Canter truck car ကိုစမ်းမောင်း ရင်း  မျက်မှန်အလှူခံထားတဲ့ ဒဂုံမြောက်ကို အကြို ညှိနှိုင်းဘို့ သွားခဲ့ပါတယ်… သူတို့ကလည်း အခုမှတွေ့ဘူးပေမဲဲ့ ရင်းနီီးစွာ မိတ်ဆွေ ဟောင်းတွေလို ဆက်ဆံကြပါတယ်…
   အဲဒိကဆွေးနွေးပြီးအပြန် ပန်းခြံထဲကရေညှိတွေကို ဖြန်းဘို့ ထုံးအိတ်နဲ့ ဆောက်လုပ်ရေးပစ္စည်းဝယ်ချင်လို့ ဆောက်လုပ် ရေးပစ္စည်းဆိုင်ကိုဝင်ပါတယ်… ပစ္စည်းတွေဝယ်ပြီးတော့ငွေ ရှင်းမယ်လုပ်တော့ ဆိုင်ရှင်အမျိုး သမီးက ကျမဆရာ့fan ပါ ဒီပစ္စည်းလေးတွေ ဆရာ့ကိုလှူပါရစေဆိုပြီး ငွေပြန်ပေးတယ်… ဆရာကအတင်းပြန် ပေးပေမဲ့ မယူတာကြောင့် ဝမ်းမြောက်စွာလက်ခံခဲ့ပါတယ်
    တစ်ခါ အဲဒီကအပြန်မှာ ပြည်ထောင်စု လမ်းမပေါ်က ကိုလဝန်း ပန်းဥယာဉ်ဝင်တော့ ကိုလဝန်းက သူ့အမျိုးသမီးက ဆရာ့ကို လေးစားလို့ဆိုပြီး စပ်မြေအိတ်တွေရော ပန်းပင် တွေရော လက်ဆောင်ထဲ့ပေး လိုက်ပြန်တယ်….
    ဆရာ့ကို အခါလို ပြည်သူတွေက ချစ်ခင်ပြီး နွေးထွေးစွာ ဆက်ဆံတာကို အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်…..
ချစ်တဲ့ ပြည်သူအပေါင်း ဘေးဘယာ ဝေးကွာပြီး ခံစားနေရ သော ဒုက္ခအပေါင်းမှ အမြန်ကင်းလွတ်နိုင်ကြပါစေ…





Comments