အာဇာနည်များအတွက် ရည်စူးဆွမ်းကပ်ခြင်း

 



  ·
အာဇာနည်များအတွက် ရည်စူးဆွမ်းကပ်ခြင်း
    ဇူလိုင်လ ၁၉ ရက်တွင်ကျရောက်မည့် အာဇာနည်နေ့ အကြို အဖြစ် ကျဆုံးလေပြီးသော မြန်မာ့လွတ်လပ်ရေး နှင့် ဒီမိုကရေစီ ရရှိရေးတိုက်ပွဲတွင် ကျဆုံးခဲ့သည့် အာဇာနည် အပေါင်းကို ရည်စူး၍ ရန်ကြီးအောင် ကျောင်းတိုက် ဆရာ တော် နှင့် သံဃာများသို့ အိမ်တွင်ချက်ကာ ဆွမ်းကပ်လှူခဲ့ ပါသည်။
   အာဇာနည်အပေါင်း မြင့်မြတ်သောဘုံမှာ စံစားရင်း ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးဖြစ်တည်မှုကို ရှုမြင်နိုင်ကြပါစေ…..
   ယခုပြုရသော ကုသိုလ်ကြောင့် မြန်မာပြည်သူအပေါင်း ခံစား နေရသော ဘေးဒုက္ခများမှ ကင်းဝေးပြီး ကပ်ကြီးသုံးပါး ရန်သူမျိုးငါးပါး တို့မှ ကင်းလွတ်ငြိမ်းနိုင်ကြပါစေ…

Comments