ပြည်သူအများတက်ရောက်ရသည့် ဆေးရုံကြီးများသို့အလှူ

 
Contributions to Community (18)

    မေလဟာ သားရဲ့မွေးလဖြစ်တဲ့ အလျောက် ပြည်သူများ အားထားရတဲ့ ဆေးရုံကြီးများကို

နဝကမ္မအလှူများ ပေးလှူဖြစ်ပါတယ်… မေလ၁၀ရက်နေ့မှာ မြောက်ဥက္ကလာ ပြည်သူ့ ဆေးရုံကြီးကို သားနဲ့ သားမိတ်ဆွေတွေက ငွေကျပ် တစ်ဆယ့် တစ်သိန်းကို သွားရောက်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းလွင်က လက်ခံယူပါတယ်….
    ထိုနေ့မှာဘဲ အင်းစိန်ဆေးရုံကြီးကို ငွေ တစ်ဆယ့်တစ် သိန်း ကိုပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သိင်္ဂီမြင့်ကလည်းကောင်း တောင်ဥက္ကလာ အမျိုးသမီး နှင့် ကလေးဆေးရုံကြီးကို လှူဒါန်းရာ ဆေးရုံ အုပ်ကြီး ဒေါက်တာ ယဉ်ယဉ်ထွန်းကလည်းကောင်း လက်ခံရယူခဲ့ ပါတယ်။ အလှူဒါနအစုစုအတွက် သာဓု ခေါ်နိုင်ကြပါစေ ပြည်သူအပေါင်း ဘေးရန်ကင်းဝေး နိုင် ကြပါစေ....

 

Comments